နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒေါ်နယ်ထရမ့်၏ရှေ့နေဟောင်း ထောင်မှပြန်လည်လွတ်မြောက်လာ

ဇူလိုင် ၂၅၊ ဝါရှင်တန်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ရှေ့နေဟောင်း မိုက်ကယ်ကိုဟန်မှာ ဖြစ်ကြောင်းကုန်စင်ဖွင့်ချသည့် စာအုပ် ရေးသားရန် စီစဉ်ခြင်းကြောင့် အစိုးရက လက်စားချေသည့်အနေဖြင့် ထောင်ထဲသို့ ပြန်ပို့ခံရခြင်းဟု တရားသူကြီးက ဆုံးဖြတ်ခဲ့ပြီးနောက် ယင်းကို ထောင်မှ ပြန်လွှတ်ပေးခဲ့သည်။ မိုက်ကယ်ကိုဟန်မှာ ဒေါ်နယ်ထရမ့်၏ မဲဆွယ်စည်းရုံးမှုတွင် ဘဏ္ဍာရေးချိုးဖောက်မှုအပါအဝင် စွဲချက်များအတွက် ထောင်ဒဏ်သုံးနှစ် ချမှတ်ခံခဲ့ရသည်။ သို့သော် ပြီးခဲ့သည့်မေလက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမည်ကို စိုးရိမ်ပူပန်ခြင်းကြောင့် ထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့သည်။

မိုက်ကယ်ကိုဟန်မှာ ခြေကျင်းဝတ်တွင် ခြေရာခံကိရိယာ တပ်ဆင်ခံရဖွယ်ရှိပြီး ထောင်ဒဏ်လက်ကျန် ကာလကို နယူးယော့ခ်မြို့နေအိမ်၌ ကုန်ဆုံးရဖွယ်ရှိသည်။ သို့သော် မိုက်ကယ်ကိုဟန်က ထောင်မှ ပြန်လွှတ်ပေးသည့် အချက်အလက်များကို ချိုးဖောက်သည်ဟုဆိုကာ ယခုလအတွင်း အာဏာပိုင်များက ပြန်လည်ဖမ်းဆီးခဲ့သည်။ ယင်းကို ပြန်လည်ဖမ်းဆီးခြင်းမှာ ဒေါ်နယ်ထရမ့်အပေါ် ဝေဖန်သည့်စာအုပ် ရေးသားမည့် အစီအစဉ်ကြောင့် လက်စားချေခြင်းဖြစ်သည်ဟု မိုက်ကယ်ကိုဟန်က ဆိုသည်။ တရားသူကြီး ဟယ်လာစတိန်းကလည်း မိုက်ကယ်ကိုဟန်မှာ အစိုးရ၏လက်စားချေခံရခြင်းဖြစ်သည်ဟု ဆုံးဖြတ်ပြီး ယင်းကို ထောင်မှပြန်လွှတ်ပေးရန် ပြီးခဲ့သည့်ကြာသပတေးနေ့က ဖုန်းဖြင့် ကြားနာမှုလုပ်ခဲ့သည်။

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ