နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရွှေပြည်သာမြို့နယ် စိန်ချယ်လမ်း ကွန်ကရစ်ခင်းပြီးစီး၊ ဩဂုတ်လပထမပတ်တွင် လမ်းအသုံးပြုခွင့်ပေးမည်

ရန်ကုန် ဇူလိုင်  ၂၅

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ လမ်းတံတားဆိုင်ရာလုပ်ငန်းတာဝန်ခံအဖွဲ့ အင်ဂျင်နီယာ ဌာန(လမ်းနှင့်တံတား) မြောက်ပိုင်းခရိုင်ခွဲမှ ရွှေပြည်သာမြို့နယ်ရှိ လမ်းမကြီးများ ရပ်ကွက်အတွင်းလမ်းများ ကို လမ်းပန်းဆက်သွယ်ရေးကောင်းမွန်စေရေးအတွက် လမ်းပေါက်ပျက်စီးနေမှုများကို ကွန်ကရစ်ကျောက်လမ်း သစ်များအဖြစ် အဆင့်မြှင့်တင်ကာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်ခွင့်ပြုရန်ပုံငွေဖြင့် ခင်းကျင်းလျက်ရှိရာ အမှတ် (၂၆)ရပ်ကွက် (ကျောင်းကုန်းကျေးရွာအုပ်စု)ရှိ စိန်ချယ်လမ်းအား ခင်းကျင်းမှုလုပ်ငန်းရာနှုန်းပြည့်ပြီးစီးပြီ ဖြစ်၍ ဩဂုတ်ပထမပတ်တွင် လမ်းအသုံးပြုခွင့်ပေးသွားမည်ဟု လမ်းခင်းတာဝန်ခံ ဦးမိုးဆွေက ပြောသည်။

အမှတ်(၂၆)ရပ်ကွက် စိန်ချယ်လမ်း အရှည် ၁၃၄၈ ပေ၊ အကျယ် ၁၄ ပေ၊ ထု ၆ လက်မကို လမ်းပခုံးသားဝဲ၊ယာ နှစ်ပေစီဖြင့် ကွန်ကရစ်ကျောက်လမ်းသစ်ခင်းကျင်းခြင်းလုပ်ငန်းကို မြောက်ပိုင်းခရိုင်ခွဲ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား)မှ ညွှန်ကြားရေးမှူး ဦးတင်မောင်ဌေး၊ မြို့နယ်တာဝန်ခံဒေါ်သန်းသန်းဆင့်တို့ ဦးဆောင်စီမံမှု ဖြင့် လမ်းခင်းတာဝန်ခံ ဦးမိုးဆွေကြီးကြပ်ကာ လမ်းခင်းလုပ်သားစက်ယန္တရားများဖြင့် ဆောင်ရွက်လျက်ရှိရာ စံချိတ်စံညွှန်းနှင့်အညီ ပြည့်မီစေရေး၊ အရည်အသွေးကောင်းမွန်ရေးနှင့် သတ်မှတ်အချိန်တွင် ပြီးစီးနိုင်ရေးတို့ကို တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးရန်အောင်မင်း လာရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဖြည့်ဆည်းမှာ ကြားချက်နှင့်အညီ ဇူလိုင် ၁၂ ရက်မှ စတင်၍ ဇူလိုင် ၂၄ ရက်တွင် ခင်းကျင်းမှုလုပ်ငန်းအားလုံးပြီးစီးခဲ့ ကြောင်း သိရသည်။

''ဒီလမ်းက သာဓုကန်စက်မှုဇုန် အမှတ်(၄)လမ်းမကြီးတွေနဲ့ လမ်းကွန်ရက်ချိတ်ဆက်နေတော့ အလုပ်သမား တွေပြည်သူတွေသွားလာမှုများတယ်၊ မိုးကာလမှာ သွားလာမှုအခက်ခဲဆုံးပေါ့။ လမ်းကောင်းသွားပြီဆိုတော့ ဝမ်းသာပါတယ်၊ လမ်းသစ်ဖွင့်ပွဲအတွက်လည်း ကျေးရွာနေပြည်သူတွေစုပေါင်းပြီး သံဃာတော်တွေပင့်ပြီး ဆွမ်းသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုဆက်ကပ်မယ်၊ အန္တရာယ်ကင်းပရိတ်ရွတ်မယ်၊ အနုမောဒနာတရားနာကြားပြီး၊ ရေစက်သွန်ချ အမျှပေးဝေကြပြီးတော့ ပြည်သူတွေကို စတုဒိသာအကျွေးအမွေးများဖြင့် ဧည့်ခံသွားမည်"ဟု ကျောင်းကုန်းကျေးရွာရပ်မိရပ်ဖတစ်ဦးက ပြောသည်။

မြင့်သန်းကြည်(ရွှေပြည်သာ)






အခြားဆက်စပ်သတင်းများ