နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
COVID-19 ရောဂါပိုးတွေ့ရှိသူနှင့် နီးနီးကပ်နေထိုင်ခဲ့သူများကို Home Quarantine ခွင့်မပြုတော့ဟု ဒေါ်အောင်ဆန်းစုကြည်ဆို

ရန်ကုန် ဧပြီ ၁၃ COVID-19 ရောဂါပိုး အတည်ပြုလူနာနှင့် နီးနီးကပ်ကပ်နေထိုင်ခဲ့သူများကို Home Quarantine ခွင့်မပြုတော့ဘဲ Facility Quarantine သွားရောက်ခံယူရမည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်စုကြည်က အသိပေးပြောကြားလိုက်သည်။ ရန်ကုန်တိုင်းဒေသကြီးမှ ပြည်သူများနှင့် အပြန်အလှန်ဆွေးနွေးခြင်းအစီအစဉ်ကို ဧပြီ ၁၃ ရက်၊ နံနက် ၁၀ နာရီက အတိုင်ပင်ခံပုဂ္ဂိုလ်၏ Facebook Account တွင် တိုက်ရိုက်ထုတ်လွှင့်ခဲ့ရာ ယင်းအစီအစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ''အခုကနေစပြီး ရောဂါရတဲ့သူနဲ့ နီးနီးကပ်ကပ်နေဖူးတဲ့သူဆိုရင် Home Quarantine ကို ခွင့်မပြုတော့ ပါဘူး။ Facility Quarantine ပဲ သွားမှာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အိမ်မှာ အားလုံးကို ကူးသွား ပါလိမ့်မယ်''ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ ယခုကဲ့သို့ ဆောင်ရွက်ရခြင်းသည် ရောဂါပိုးရှိသူ၏ မိသားစုဝင်များနှင့် ရောဂါပိုးရှိသူနှင့် နီးနီးကပ်ကပ် နေထိုင်ခဲ့သူများတွင် ရောဂါကူးစက်ခံရမှုများရှိလာသည့်အတွက်ဖြစ်ပြီး အစုလိုက်အပြုံလိုက်ကူးစက်ခံရမှုများ မရှိလာနိုင်စေရန်အတွက် ဖြစ်သည်။ မြန်မာနိုင်ငံတွင် လာမည့်နှစ်ပတ်၊ သုံးပတ်အတွင်း၌ Quarantine စင်တာများ လိုအပ်လာမည်ဖြစ်ရာ လုံလောက်သည့်အဆင့်ရှိသော Quarantine စင်တာများ ရရှိရေးမှာ အကြီးမားဆုံး စိန်ခေါ်မှုတစ်ရပ်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ ထို့ပြင် ရောဂါပိုးတွေ့ရှိသူများတွင် ၁၄ ရက်ကျော်မှ တွေ့ရှိသူနှစ်ယောက်၊ သုံးယောက်ရှိပြီဖြစ်သည့် အတွက် Quarantine ၁၄ ရက်မှာ မလုံလောက်ဘဲ ၂၁ ရက်အထိကြာအောင် တိုးမြှင့်ထားသွားရန်လည်း စီစဉ် လျက်ရှိကြောင်း သိရသည်။ ကျော်စိုးသူ(City News)






အခြားဆက်စပ်သတင်းများ