နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ခရမ်းမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသားပေါက်များ ဖြန်ဖြူးရေးညှိနှိုင်းဆွေးနွေးပွဲကျင်းပ

ရန်ကုန်     ဇူလိုင်    ၂၅

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် ငါးသားပေါက်များ ဖြန့်ဖြူးရေးအတွက် ညှိနိုင်းဆွေးနွေးပွဲကို ဇူလိုင် ၂၄ ရက်၊ နေ့လယ် ၁ နာရီက ခရမ်းမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနရုံးခန်းမတွင် ကျင်းပခဲ့သည်။

အခမ်းအနားသို့ ခရမ်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုဦးစီးမှူးဦးစိုးမိုးနှင့် ဌာနဆိုင်ရာများ၊ မြိုနယ်အတွင်းရှိ  ငါးလုပ်ငန်းအဖွဲ့ချုပ်နှင့်  ငါးမွေးမြူရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ခရမ်းမြို့နယ်ငါးလုပ်ငန်းဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးမျိုးတင့်က ငါးသားပေါက်ဖြန့်ဖြူး ပေးသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြား၍ ဖြန့်ဖြူးပေးဝေမည့်အစီစဉ်များကို ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ပြီး တက်ရောက်လာသည့် မြို့နယ်ငါးလုပ်ငန်းအဖွဲ့ချုပ်နှင့် ငါးမွေးမြူရေးလုပ်ငန်းရှင်များက လက်ရှိမွေးမြူထားသည့် ငါးကန်များအခြေအနေဆောင်ရွက်ရန်လိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ကြကြောင်းသိရသည်။

ခရမ်းမြို့နယ်အတွင်းငါးမွေးမြူရေးလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုရသည့်သူများနှင့် စားသုံးကြ သူပြည်သူများ ဈေးနှုန်းသင့်စွာဖြင့် သန့်ရှင်းလတ်ဆတ်၍ ကျန်းမာရေးနှင့်ညီညွတ်သည့် ငါး၊ အသားစားသုံး နိုင်စေရေးနှင့် မြို့နယ်အတွင်း ငါးမျိုးပြုန်းတီးမှုမရှိရေးအတွက် မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ငါးမွေးမြူရေးလုပ်ငန်းရှင်များကို မျိုးကောင်းမျိုးသန့်ငါးသားပေါက်များကို မကြာမီဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ သိရှိရသည်။

ကိုမင်း(ခရမ်း)






အခြားဆက်စပ်သတင်းများ