နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
MPT က သုံးစွဲသူများအတွက် ဒေတာနှစ်ဆရမည့် “Super Double Data Pack” ပရိုမိုးရှင်းအစီအစဉ်မိတ်ဆက်

ရန်ကုန်၊  ဇူလိုင် ၂၅

မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သော MPT သည် သုံးစွဲသူများ ပိုမိုအဆင်ပြေစေရန် အတွက် ထူးခြားဆန်းသစ်၍ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာကောင်းသော ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို ပေးအပ်လျက်ရှိကြောင်း သိရသည်။

MPT ၏ ဒေတာများကို အစဉ်တစိုက် သုံးစွဲသူများအားလုံးအတွက် အင်တာနက်ဒေတာပက်ကေ့ချ်များ ဝယ်ယူခြင်းဖြင့် ဒေတာနှစ်ဆရရှိနိုင်မည့် “စူပါဒေတာနှစ်ဆ ပက်ကေ့ချ်” ပရိုမိုးရှင်းအစီအစဉ်ကို စတင်မိတ်ဆက် လိုက်ပြီဖြစ်သည်။
MPT မှ ဆွေသဟာ၊ ရှယ်ပြော၊ ရွှေစကား အစီအစဉ်ရယူထားသော ကြိုတင်ငွေဖြည့်စနစ်သုံးနှင့်  အသုံးပြုပြီးမှ ပေးချေသည့်စနစ်သုံး GSM/WCDMA ဝန်ဆောင်မှုရယူထားသူမျာအားလုံးသည် “Super Double Data Pack” ပက်ကေ့ချ်များကို ဝယ်ယူနိုင်ပါသည်။ Base Tariff အသုံးပြုသူများသည် ဆွေသဟာ၊ ရှယ်ပြော၊ ရွှေစကား အစီအစဉ်များကို ပြောင်းလဲအသုံးပြုပြီး “Super Double Data Pack” ကို ဝယ်ယူနိုင်ကြောင်း သိရသည်။

အသုံးပြုသူများအနေဖြင့် ပက်ကေ့ချ်များဝယ်ယူရာတွင် အကန့်အသတ်မရှိ အကြိမ်အရေအတွက် အများအပြား ဝယ်ယူနိုင်ပါသည်။ ပက်ကေ့ချ်၏  မူလဒေတာသက်တမ်းမှာ ရက် ၃၀ ဖြစ်ပြီး သက်တမ်းကုန်ဆုံးပြီး ၇ ရက်အတွင်း ဒေတာပက်ကေ့ချ်အသစ် ထပ်မံဝယ်ယူပါက အသုံးပြုရန် ကျန်ရှိနေသော မူလဒေတာပမာဏကို ထပ်မံဝယ်ယူသော ပက်ကေ့ချ်၏ နောက်ဆုံးသက်တမ်းအထိ ပေါင်းစည်းအသုံးပြုနိုင်သည်။
“Super Bonus Data” (အထူးအပိုဆောင်းဒေတာ)၏ သက်တမ်းမှာ ၇ ရက် ဖြစ်ပြီး ထိုကာလအတွင်း Package အသစ်ထပ်မံ ဝယ်ယူပါက Super Bonus Data အချင်းချင်း၏ ဒေတာပမာဏကို ပေါင်းစည်း အသုံးပြု နိုင်မည်ဖြစ်သည်။

“Super Double-Data Package” ပရိုမိုးရှင်းနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက Hotline ဖုန်းနံပါတ် 106 သို့ ခေါ်ဆို၍ သော်လည်းကောင်း၊ MPT ၏ ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm သို့မဟုတ် MPT ၏ တရားဝင် ဖေ့စ်ဘုတ်ခ်စာမျက်နှာ ဖြစ်သော www.facebook.com/mptofficialpage တွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ကြောင်း သိရသည်။

AMH(မြိူ့တော်သတင်း)






အခြားဆက်စပ်သတင်းများ