နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘရာဇီးလ်တိုက်ခိုက်ရေးမယ် တိုင်လာဆန်းတို့စ် မျက်ခုံးကွဲပေမယ့် အနိုင်ရ

ဇူလိုင်   ၂၄


ယူအေအီးနိုင်ငံရှိ “တိုက်ခိုက်ရေးကျွန်း”မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ကိုယ်ခံပညာပေါင်းစုံ(မစ်မာရှယ်အတ်) အသုံးပြုတိုက်ခိုက်ရေးပြိုင်ပွဲမှာ ဘရာဇီးလ်တိုက်ခိုက်ရေးမယ် တိုင်လာဆန်တို့စ်က ဗြိတိန်မှ မော်လီမက်ကန်းကို အနိုင်ရရှိခဲ့ပါတယ်။

ယခုပွဲမတိုင်ခင်က သုံးပွဲဆက်တိုက်အနိုင်ရရှိထားတဲ့ မော်လီမက်ကန်းဟာ တိုင်လာဆန်းတို့စ်ရဲ့ မျက်ခုံးကွဲသွားအောင် ထိုးနှက်ခဲ့ပေမယ့် ဒိုင်သုံးဦးစလုံးက တိုင်လာဆန်းတို့စ်ကို အနိုင်ပေးခဲ့ကြပါသည်။ ယခုပွဲရလဒ်ကြောင့် မော်လီမက်ကန်းဟာ မစ်မာရှယ်အတ်ပြိုင်ပွဲ ၁၃ ပွဲမှာ သုံးပွဲရှုံးနိမ့်ခဲ့ပြီး တိုင်လာဆန်းတို့စ်က ၁၆ ပွဲနိုင် တစ်ပွဲရှုံးရလဒ် ပိုင်ဆိုင်ခဲ့ပါတယ်။ တိုင်လာဆန်းတို့စ်ရဲ့ အနိုင် ၁၆ ပွဲအနက်  ၁၀ ပွဲကို အလဲထိုးအနိုင်ရခဲ့တာပဲဖြစ်ပါတယ်။                                                                                                                       

(SO)






အခြားဆက်စပ်သတင်းများ