နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကစားသမားဘဝမှ အနားမယူမီ ဂိုလော့ဗ်ကင်နှင့် ထိုးသတ်သွားလိုဟု ပက်ကွီအို ပြော

ဇူလိုင်  ၂၄


ဖိလစ်ပိုင်လက်ဝှေ့သမား ပက်ကွီအိုက လက်ဝှေ့လောကမှ အနားမယူမီကာလအတွင်း ဂိုလော့ဗ်ကင်နှင့် ထိုးသတ်သွားလိုကြောင်း ပြောကြားခဲ့သည်။

ကာဇက်စတန် လက်ဝှေ့သမား ဂိုလော့ဗ်ကင်သည် WBA (Super) ၊ WBC ၊ IBO မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံ ဟောင်းဖြစ်ပြီး မစ်ဒယ်ဝိတ်တန်းလောကတွင် အအောင်မြင်ဆုံး လက်ဝှေ့သမားဖြစ်သည်။ ဝယ်တာဝိတ်တန်း ချန်ပီယံတစ်ဦးအနေဖြင့် မစ်ဒယ်ဝိတ်တန်းချန်ပီယံဟောင်းကို စိန်ခေါ်ထိုးသတ်ရေးသည် ဝိတ်တန်းမြှင့်တင်ရ မည်ဖြစ်သောကြောင့် ပက်ကွီအိုအတွက် ခက်ခဲမည့်အခြေအနေဖြစ်သည်။

ပက်ကွီအိုသည် မစ်ဒယ်ဝိတ်တန်းလောကသို့ ကူးပြောင်းမည့်ကိစ္စနှင့်ပတ်သက်၍ ယင်း၏ Promoter ဘော့အာရမ်၊ နည်းပြရော့ချ်တို့နှင့် ဆွေးနွေးလျက်ရှိသည်။ နည်းပြ ရော့ချ်က “ပက်ကွီအို ဟာ မစ်ဒယ်ဝိတ်တန်းလောကကို ကူးပြောင်းချင်တယ်လို့ သိရပါတယ်။ ဒါက ကျွန်တော်တို့ အကြံပေး ခဲ့တာမဟုတ်ပါဘူး။ ဝယ်တာဝိတ်တန်း လက်ဝှေ့သမားတစ်ဦးအနေနဲ့ မစ်ဒယ်ဝိတ်တန်းကို ကူးပြောင်း ချင်တာဟာ စွန့်စားရာရောက်တယ်လို့ ကျွန်တော်ထင်ပါတယ်။ မစ်ဒယ်ဝိတ်တန်းက လက်ဝှေ့သမားကို ဝယ်တာဝိတ်တန်းကို ဖိတ်ခေါ်တာက သင့်လျော်တဲ့လုပ်ရပ်လို့  ကျွန်တော် မြင်ပါတယ်။ ဒါကြောင့် သူ့အနေနဲ့ ဂိုလော့ဗ်ကင်နဲ့ ထိုးသတ်ချင်တယ်ဆိုရင်တော့ မစ်ဒယ်ဝိတ်တန်းကို ပြောင်းရွှေ့မယ့်အစား ဂိုလော့ဗ်ကင်ကို ဝယ်တာဝိတ်တန်းကို ခေါ်တာက ပိုကောင်းမယ်လို့ ထင်ပါတယ်”ဟု ပြောကြားခဲ့သည်။                         


(သူရိန်)






အခြားဆက်စပ်သတင်းများ