နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ချန်ပီယံလိဂ်တစ်နေရာအတွက် အဆင့် ၃ ကမန်ယူ စိတ်မချရသေးပါ

ဇူလိုင်  ၂၄


ပွဲစဉ် ၃၇ မှာ မန်ယူနဲ့ ဝက်စ်ဟမ်းတို့က တစ်ဖက်တစ်ဂိုးစီနဲ့ သရေရလဒ်ထွက်ပေါ်ခဲ့တာကြောင့် ရမှတ်တစ်မှတ်ရပြီး မန်ယူတို့အဆင့် ၃ ကိုတက်လာပါတယ်။ ဒါကလည်း ဂိုးကွာခြားချက်နဲ့တက်လာတာ ကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် နောက်ဆုံးပွဲစဉ်အထိ ယှဉ်ပြိုင်တိုက်ပွဲဝင်ရဦးမှာပါ။ 

မန်ယူအသင်း ဝက်စ်ဟမ်းနဲ့ပွဲစဉ်မှာ ဖိုဆူမန်ဆက်နဲ့ ဘရန်ဒီဝီလီယံတို့ကို ထည့်သုံးတာကလွဲပြီး ကျန်ကစားသမားအစုံအလင်နဲ့ ပွဲထွက်လာတာပါ။ ဝက်စ်ဟမ်းကလည်း တန်းမဆင်းရရေးအတွက် အကောင်းဆုံးလူစာရင်းနဲ့ ပွဲထွက်ခဲ့ပါတယ်။ မန်ယူအသင်း သရေပွဲဖြစ်ခဲ့ရတာကတော့ ကစားသမားတွေ ခြေစွမ်းကျဆင်းလို့ပြောရမှာပါ။ ရှေ့မှာတောက်လျှောက်ရှုံးပွဲမရှိ အနိုင်စံချိန်တွေရခဲ့ရာမှာ အဓိကကျတဲ့ ဖာနန်ဒက်စ်၊ ရက်ရှ်ဖို့ဒ်တို့ ဟာ မှတ်သားလောက်စရာခြေစွမ်းမျိုးမရှိခဲ့ပါဘူး။ 

ဝက်စ်ဟမ်းက မန်ယူရဲ့ကစားကွက်နဲ့ ဟာကွက်ကိုသိနေတော့ ဘရူနိုရဲ့ဘောလုံးထွက်ပေါက်ကို ပိတ်ဆို့ကစားခဲ့ပါတယ်။ ဝက်စ်ဟမ်းရတဲ့ဦးဆောင်ဂိုးကလည်း  ဂိုးဧရိယာထဲမှာ ပေါ့ဘာရဲ့လက်နဲ့ ဘောလုံးကို ပုတ်သလိုဖြစ်ခဲ့တာကြောင့် ပင်နယ်တီပေးလိုက်ရတဲ့ဂိုးပါ။ မန်ယူပြန်ရတဲ့ချေပဂိုးကတော့ မာရှယ်၊ ဂရင်းဝုဒ်တို့တွဲလုံးကနေ ဂရင်းဝုဒ်ရဲ့တိကျတဲ့အဆုံးသတ်ကြောင့်  ရှိခဲ့တဲ့ဂိုးပါ။ ဝက်စ်ဟမ်းရဲ့ အနိုင်ကန်သွင်းချက်တွေကို ဂိုးသမားဒီဂီယာလက်စွမ်းပြကာကွယ်နိုင်လို့ မန်ယူတို့သရေတစ်မှတ် ရတာ ပါ။ မန်ယူတို့အဆင့် ၃ ကိုရောက်နေပေမယ့် နောက်ဆုံးပွဲမှာကစားရမယ့် အဆင့် ၅ က လက်စတာနဲ့ တစ်မှတ်သာကွာတာပါ။ ဒါကြောင့် နှစ်သင်းစလုံးရှုံးတဲ့အသင်းဝင်ခွင့်မရတော့ပါဘူး။ မန်ယူက သရေကျပြီး တစ်မှတ်ရရင်တော့ ဝင်ခွင့်တစ်နေရာပိုင်ဆိုင်ခွင့်ရဦးမှာပါ။                                                           

(SO)






အခြားဆက်စပ်သတင်းများ