နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လိဂ်ယူနိုက်တက်နဲ့အတူ ပရီးမီးယားလိဂ်ကို တိုက်ရိုက်တက်ခွင့်ရခဲ့တဲ့ ဝက်စ်ဘရွန်း

ဇူလိုင်  ၂၄


ချန်ပီယံရှစ်က ဝက်စ်ဘရွန်းအသင်းဟာ နောက်ဆုံးပွဲမှာကျူပီအာနဲ့ သရေကျခဲ့တာကြောင့် နည်းပြ ဆလေဗန်တီလစ်နဲ့ ဝက်စ်ဘရွန်းအသင်းဟာ ပရီးမီးယားလိဂ်ကို တန်းတက်ခွင့်ရခဲ့ပါတယ်။ ဝက်စ်ဘရွန်း အသင်းဟာ ကျူပီအာနဲ့ သူတင်ကိုယ်တင်၊ ကိုယ်သွင်း၊ သူသွင်းနဲ့ပွဲက ဝက်စ်ဘရွန်းပရိသတ်တွေအတွက် ရင်တထိတ်ထိတ်ဖြစ်စေခဲ့ပါတယ်။ 

 ဒိုင်လူကြီးက ပွဲသိမ်းခရာမှုတ်တော့မှ အားလုံးပျော်နိုင်ကြပါတယ်။ တစ်ဖက်မှာလည်း ဘန်စလေအသင်းက ဘရန့်ဖို့အသင်းကို အနိုင်ရထားကြောင်း နည်းပြကြီးကပြောပြခဲ့ပါတယ်။ ဒါကြောင့် ဝက်စ်ဘရွန်းဟာ ပွဲသိမ်းခရာမှုတ်ပြီး  ခဏကြာသည်အထိ တစ်ဖက်ကရလဒ်ကိုစောင့်ဆိုင်းနေခဲ့ရပါသေးတယ်။ တန်းတက် တရားဝင်ကြေညာတဲ့အခါကြမှသာ ကွင်းအတွင်းမှာ သီချင်းတွေဖွင့်ပြီး ဝက်စ်ဘရွန်းကစားသမားတွေ ပျော်ရွှင် စွာအောင်ပွဲခံနိုင်ခဲ့ပါတယ်။ တကယ်တန်းမှာ ဘရန့်ဖို့ဒ်နဲ့ ဝက်စ်ဘရွန်းက အမှတ်တူတွေပါ နောက်ဆုံးပွဲမှာ ဝက်စ်ဘရွန်းက ကျူပီအာကို သရေကျပြီး တစ်မှတ်ရခဲ့လို့သာ တန်းတက်ခွင့်ရခဲ့တာပါ။ 

ဘရန့်ဖို့ဒ်အသင်းကလည်း အဆင့် ၂၁ က ဘန်စလေကို ၂-၁ နဲ့ ရှုံးခဲ့တာက ဝက်စ်ဘရွန်းတို့ကံပိုကောင်း သွားတာပါ။ ပရီးမီးယားလိဂ်တန်းတက်ခွင့်တစ်နေရာအတွက် ချန်ပီယံရှစ်ပြိုင်ပွဲရဲ့ Play-off ပွဲစဉ်တွေအဖြစ် ဘရန့်ဖို့ဒ်၊ ဖူဟမ်၊ ကဒစ်ဖ်နဲ့ ဆွမ်ဆီးအသင်းတို့ လေးသင်းယှဉ်ပြိုင်ကြရမှာဖြစ်ပါတယ်။                           

(SO)






အခြားဆက်စပ်သတင်းများ