မန္တလေး၊ ဇူလိုင် ၂၄
ဧရာဝတီမြစ်ရေမြင့်တက်ခဲ့သဖြင့် အမရပူရမြို့နယ် ရွှေဂဲရေထိန်းတံခါး မြေသားကျွံကျကာ တာရိုး ကျိုးပေါက်မှုကြောင့် ရေနစ်မြှပ်မှုဖြစ်ပေါ်ခဲ့သည့် ရေဘေးသင့်ပြည်သူများကို ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်ပေးခဲ့သည့် နယ်မြေခံတပ်မတော်သားများ၊ မန္တလေးခရိုင်နှင့် ရဲတပ်ရင်းများမှ ရဲတပ်ဖွဲ့ဝင် များ၊ မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန ရှာဖွေကယ်ဆယ်ရေးမီးသတ်တပ်ဖွဲ့ဝင်များကို ဇူလိုင် ၂၃ ရက် နံနက် ၉ နာရီက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ခန်းမတွင် တိုင်းမှူး ဗိုလ်မှူးချုပ်ကိုကိုဦးက သဘာဝ ဘေးအန္တရာယ်ကျရောက်မှုအား စည်းလုံးညီညွတ်မှုဖြင့် အောင်မြင်စွာကူညီဆောင်ရွက်နိုင်ခဲ့သည့်အတွက် အသိအမှတ်ပြု ကျေးဇူးတင်စကားပြောကြားခဲ့ပြီး တပ်မတော်စက်ရုံများမှ ထုတ်လုပ်သည့် SMART ရှပ်အင်္ကျီ များ၊ နန်းမြိုင်ကော်ဖီမစ်များ၊ စားသောက်ဖွယ်ရာများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့စဉ်။
မောင်ပြည်သူ(မန္တလေး)