နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြန်မာနိုင်ငံတွင် COVID-19 ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အမေရိကန်အစိုးရမှ ဒေါ်လာ ၁ ဒသမ ၉၅ သန်း ထပ်မံကူညီမည်

ရန်ကုန်   ဇူလိုင်    ၂၄


မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ(COVID-19) ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအတွက် အမေရိကန်အစိုးရမှ နောက်ထပ်အမေရိကန်ဒေါ်လာ ၁ ဒသမ ၉၅ သန်း ထပ်မံအကူအညီပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှ ဇူလိုင် ၂၂ ရက်က တရားဝင်ထုတ်ပြန်ကြေညာသည်။

အမေရိကန်အစိုးရအနေနှင့် မြန်မာနိုင်ငံတွင် COVID-19 ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ယခု ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလမှစပြီး အကူအညီများပေးအပ်ခဲ့ရာ ယခုထပ်မံပေးအပ်မည့် ကူညီထောက်ပံ့မှု အပါအဝင် လက်ရှိအချိန်အထိ စုစုပေါင်းအမေရိကန်ဒေါ်လာ ၁၈ ဒသမ ၅ သန်းခန့်ရှိသွားပြီဖြစ်ကြောင်း သိရသည်။

အမေရိကန်ပြည်ထောင်စု နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ(USAID)မှနေ၍ ယခု နောက်ထပ် ပေးအပ်မည့်အကူအညီကို အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် တားဆီးကာကွယ်ရေးဌာန(CDC) မှတစ်ဆင့် ထောက်ပံ့သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံအတွင်း ရောဂါကူးစက်ပြန့်ပွားနေသော အရပ်ဒေသများနှင့် ပဋိပက္ခဖြစ်ပွားနေသော အရပ်ဒေသများမှ ဒေသခံပြည်သူများအကြား COVID-19 ကူးစက်ပြန့်နှံ့မှု ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် လူသားချင်းစာနာသောအကူအညီအဖြစ် စီစဉ်ထောက်ပံ့ခြင်းဖြစ်ကြောင်း သိရ သည်။

မြန်မာနိုင်ငံတွင် ကျန်းမာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အမေရိကန်နိုင်ငံက ရေရှည်ပူးပေါင်းဆောင်ရွက်ကာ ကူညီထောက်ပံ့မှုများပေးအပ်သွားရန် ရည်မှန်းထားကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန်သံရုံးမှ သံရုံးယာယီတာဝန်ခံ George Sibley က ပြောသည်။

အမေရိကန်အစိုးရအနေနှင့် လွန်ခဲ့သောနှစ်ပေါင်း ၂၀ အတွင်း မြန်မာနိုင်ငံကို ကာလရှည်ကြာ အကူ အညီများပေးအပ်ခဲ့ရာ ယခုအခါ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလျံခန့်အထိရှိသွားပြီဖြစ် ကြောင်း သိရသည်။                                        


(မိုးယံထက်)






အခြားဆက်စပ်သတင်းများ