နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
MNA လေကြောင်းလိုင်းမှ ရန်ကုန်-စင်ကာပူ-ရန်ကုန် Cargo Only Flight ဇူလိုင် ၂၉ ရက်တွင် ပြေးဆွဲပေးမည်

ရန်ကုန်   ဇူလိုင်    ၂၄


ကိုရိုနာဗိုင်းရပ်စ်ရောဂါ(COVID-19) ကူးစက်ကာလအတွင်း ပြည်တွင်း၌လူသုံးကုန်ပစ္စည်းများ မပြတ်လပ်စေရေးနှင့် ပြည်ပသို့တင်ပို့ရမည့် ကုန်စည်ပစ္စည်းများ တင်ပို့နိုင်စေရေးတို့အတွက် မြန်မာ အမျိုးသားလေကြောင်း(MNA)မှနေ၍ ရန်ကုန်-စင်ကာပူ-ရန်ကုန် Cargo Only Flight ကို ပြေးဆွဲပေးမည် ဖြစ်ကြောင်း သိရသည်။

မြန်မာအမျိုးသားလေကြောင်း(MNA)၏ အဆိုပါ ရန်ကုန်-စင်ကာပူ-ရန်ကုန် Cargo Only Flight ကို ဇူလိုင် ၂၉ ရက်တွင် ပြေးဆွဲသွားမည်ဖြစ်ပြီး ယင်းခရီးစဉ်တွင် ခရီးသည်များလိုက်ပါနိုင်မည်မဟုတ်ဘဲ ကုန်စည်ပစ္စည်းများသာ တင်ပို့နိုင်မည်ဖြစ်ကြောင်း သိရသည်။

ထို Cargo Only Flight ကို ဇူလိုင် ၂၉ ရက်၊ နံနက် ၉ နာရီ ၃၀ မိနစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ   စတင်ထွက်ခွာမည်ဖြစ်ပြီး နေ့လယ် ၂ နာရီခန့်တွင် စင်ကာပူနိုင်ငံသို့ ဆိုက်ရောက်မည်ဖြစ်ကြောင်း၊ ထို့နောက် စင်ကာပူနိုင်ငံမှ ညနေ ၄ နာရီတွင် ပြန်လည်ထွက်ခွာလာမည်ဖြစ်ပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် သို့ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် ဆိုက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ မြန်မာအမျိုးသားလေကြောင်း(MNA)၏ ရန်ကုန်-စင်ကာပူ-ရန်ကုန် Cargo Only Flight နှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက Yangon Contact ဖုန်းနံပါတ် 09 444666269 နှင့် အီးမေးလ်လိပ်စာ logiplus.sales@gmail.com သို့ဖြစ်စေ၊ Singapore Contact ဖုန်းနံပါတ် 91829390 နှင့် အီးမေးလ်လိပ်စာ richard.provgsa@gmail.com သို့ဖြစ်စေ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။


ကိုဆောင်း(ဥက္ကလာ)






အခြားဆက်စပ်သတင်းများ