နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဝိုင်ဘီအက်စ်ယာဉ်များ ရာခိုင်နှုန်း ၈၀ ကျော် ပြန်လည်ပြေးဆွဲပေးလျက်ရှိ

ရန်ကုန်   ဇူလိုင်    ၂၄


ရန်ကုန်တိုင်းဒေသကြီး၌ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးကာလဖြစ်သည့် ယခုလအတွင်း ခရီးသွားသူများပြန်လည်များပြားလာခြင်းကြောင့် ဝိုင်းဘီအက်စ်ယာဉ်များ ရာခိုင်နှုန်း ၈၀ ကျော်အထိ ပြန်လည်ပြေးဆွဲပေးလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွက်ကဲမှုအာဏာပိုင်အဖွဲ့(YRTA)ထံမှ သိရသည်။

"ကျွန်တော်တို့ခရီးသွားဦးရေသည်ယခင် COVID-19 မတိုင်ခင်ကာလရဲ့ ငါးဆယ်ခိုင်နှုန်းဖြစ်တဲ့ကိုး သိန်းကျော်ကိုရောက်နေပါပြီ ကျွန်တော်တို့ရဲ့ယာဉ်တွေထွက်ရှိမှုကလည်း ၈၆ ခိုင်နှုန်းလောက်ပြန်လည်ပြေးဆွဲနေပါတယ်" YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က YRTA ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် စာနယ်ဇင်းရှင်းလင်း(၈ /၂၀၂၀ )တွင် ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း အများပြည်သူသယ်ယူပို့ဆောင်ရေးကဏ္ဍအတွက် တာဝန်ယူပြေးဆွဲပေး လျက်ရှိသော ဝိုင်ဘီအက်စ်ယာဉ်များအနေဖြင့် ဇွန်လအတွင်းခရီးသည်တင်ယာဉ် ၃၆၆၃ စီးပြေးဆွဲခဲ့ပြီးခရီး သွားပြည်သူဦးရေ ကိုးသိန်းကျော်အထိ တိုးတက်များပြားလာခဲ့ရာ ယာဉ်လိုင်းပေါင်း ၉၆ လိုင်းခန့်ပြန်လည် ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ခရီးသွားဦးရေ ပြန်လည်များပြားလာသည့်အတွက် ဇူလိုင်လအတွင်း ယာဉ်အစီးရေ ၃၇၆၉ စီး ပြန်လည်ပြေးဆွဲနေခြင်းဖြစ်ကြောင်း သိရသည်။ သို့သော် COVID-19 ကာလအတွင်း ရင်ဆိုင်ရသောအခက်အခဲ များကြောင့် အချို့ယာဉ်လိုင်းများမှာ ပြန်လည်ပြေးဆွဲနိုင်မှုမရှိသေးကြောင်း သိရသည်။

COVID-19 ရောဂါမဖြစ်ပွားမီက ရန်ကုန်မြို့တွင်းသွားလာနေသော လူဦးရေ၏ ၈၀ ရာခိုင်နှုန်းသည် ခရီး သည်တင်ယာဉ်လိုင်းများကို မီခိုအားထားခဲ့ပြီး ဝိုင်ဘီအက်စ်ယာဉ်အစီးရေပေါင်း ၄၅၀ဝ ခန့်ဖြင့် ခရီသွားပြည်သူ  ၁ ဒသမ ၉ သန်းခန့်ကို နေ့စဉ်ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။       


အောင်မြင့်ဌေး(မြို့တော်သတင်း)






အခြားဆက်စပ်သတင်းများ