နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
MAI လေကြောင်းလိုင်းမှ ရန်ကုန်နှင့် ကွာလာလမ်ပူအကြား Relief Flight များ လာမည့်သြဂုတ်လ ၅ ရက်တွင် ထပ်မံပြေးဆွဲမည်

ရန်ကုန်   ဇူလိုင်    ၂၄


အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း(MAI)အနေနှင့် ယခု ကိုရိုနာဗိုင်းရပ်စ်ရောဂါ COVID-19  ကူးစက်ကာလအတွင်း မြန်မာနိုင်ငံ၊ ရန်ကုန်မြို့နှင့် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့အကြား ကယ်ဆယ်ရေး လေယာဉ်ခရီးစဉ်(Relief Flight)များကို လာမည့်သြဂုတ် ၅ ရက်တွင် ထပ်မံပြေးဆွဲပေး သွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်-ကွာလာလမ်ပူ၊ ကွာလာလမ်ပူ-ရန်ကုန် ကယ်ဆယ်ရေးလေယာဉ်ခရီးစဉ်များ ထပ်မံ ပျံသန်းပြေးဆွဲရန် စီစဉ်ထားခြင်းဖြစ်ပြီး မိမိတို့နေရပ်သို့ပြန်လိုကြသော မြန်မာနိုင်ငံသားများနှင့် နိုင်ငံခြားသား များအတွက် အဆင်ပြေစေရန်ရည်ရွယ်ချက်ဖြင့် အဆိုပါ ကယ်ဆယ်ရေးလေယာဉ်ခရီးစဉ်(Relief Flight) များကို ပျံသန်းပြေးဆွဲရန် စီစဉ်ခြင်းဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း(MAI)မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ထိုသို့ ပျံသန်းပြေးဆွဲရာတွင် ရန်ကုန်-ကွာလာလမ်ပူ Relief Flight သည် လာမည့်သြဂုတ် ၅ ရက်၊ နံနက် ၁၀ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ စတင်ထွက်ခွာမည်ဖြစ်ပြီး ကွာလာလမ်ပူ-ရန်ကုန် Relief Flight မှာလည်း အဆိုပါသြဂုတ် ၅ ရက်၊ နေ့လယ် ၃ နာရီတွင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှ စတင်ထွက်ခွာလာမည်ဖြစ်ကြောင်း၊ ထိုကယ်ဆယ်ရေးလေယာဉ်ခရီးစဉ်များ ဖြစ်မြောက်ရေးအတွက် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI)နှင့်အတူ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးနှင့် ရန်ကုန်မြို့ရှိ မလေးရှားသံရုံးတို့မှလည်း ပူးပေါင်းကူညီဆောင်ရွက်ကြကြောင်း သိရသည်။

ယင်း Relief Flight ခရီးစဉ်များတွင် သက်ဆိုင်ရာအာဏာပိုင်များက စစ်ဆေးဆောင်ရွက်ပြီး ခွင့်ပြုသူများကိုသာ ကန့်သတ်ထားသော ခရီးသည်အရေအတွက်အတိုင်း လိုက်ပါစီးနင်းခွင့်ပြုမည်ဖြစ် ကြောင်း၊ ထို့အပြင် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း(MAI)မှ ထပ်မံပြေးဆွဲပေးမည့် ကယ်ဆယ်ရေး လေယာဉ်ခရီးစဉ်များအတွက်လည်း သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက် လျက်ရှိရာ အတည်ပြုချက်များရရှိပါက ထပ်မံအသိပေးကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။                          


(ဆောင်းဦး)






အခြားဆက်စပ်သတင်းများ