ရန်ကုန် ဇူလိုင် ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်တွင် ငါးလုပ်ငန်းဦးစီးဌာနမှ ကျေးရွာနေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းရရှိ၍ မိသားစုဝင်ငွေတိုးပွားကာ ဆင်းရဲနွမ်းပါးမှုလျှော့ချနိုင်ရန်နှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ မြစိမ်းရောင်(ငါးကဏ္ဍ)စီမံကိန်းငွေကျပ် သိန်း ၃၀၀ မတည်အကောင်ထည်ဖော်ရေးဆောင်ရွက်ခဲ့ပြီး မြစိမ်းရောင်အတိုးရငွေဖြင့် ကျေးရွာဖွံဖြိုးရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။ မြစိမ်းရောင်ကျေးရွာဖြစ်သော ထွန်းစိန်ကျေးရွာတွင် မြစိမ်းရောင်ကော်မတီမှာ သက်တမ်းသုံးနှစ်ပြည့်ပြီးဖြစ် သဖြင့် ကော်မတီအသစ်ပြန်လည်ရွေးချယ်ခြင်းကို ဇူလိုင် ၂၃ရက် နံနက်၁၀နာရီက ကျေးရွာဘုန်းတော်ကြီးကျောင်း တွင်ကျင်းပစဉ်။
စည်သူလင်း(ပြန်/ဆက်)