နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံးမှ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသို့ ကျပ်သိန်း ၃၀၀ တန်ဖိုးရှိ တစ်ကိုယ်ရည်သုံး ရောဂါကာကွယ်ရေးပစ္စည်း Reusable Cloth Mask ပေးအပ်လှူဒါန်း

ရန်ကုန် ဇူလိုင် ၂၄


မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံးမှ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသို့ ကျပ်သိန်း ၃၀၀ တန်ဖိုးရှိ တစ်ကိုယ်ရည်သုံး ရောဂါကာကွယ်ရေးပစ္စည်းဖြစ်သည့် Reusable Cloth Mask အခုရေ ငါးသောင်း  ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ဇူလိုင် ၂၄ ရက် နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့တော်ခန်းမရှိ အစည်း အဝေးခန်းမ (၄) ၌ ကျင်းပသည်။

အခမ်းအနားတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးစိုးလွင်က အဖွင့် အမှာစကားပြောကြားပြီး မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံးမှ သံအမတ်ကြီး H.E.Mr.John Nielsen က အမှာ စကားပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံးမှ သံအမတ်ကြီးက ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသို့ ဒုတိယမြို့တော်ဝန်ထံ တစ်ကိုယ်ရည်သုံး ရောဂါကာကွယ်ရေးပစ္စည်းများဖြစ်သည့် Reusable Cloth Mask များကို ပေးအပ်လှူဒါန်းပြီး ဒုတိယမြို့တော်ဝန်က ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

ထို့နောက် ဒုတိယမြို့တော်ဝန်၊ ဒိန်းမတ်သံအမတ်ကြီးတို့သည် အခမ်းအနားသို့ တက်ရောက်လာကြသူများ နှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးပြီး Tri Sea Garment Factory ပိုင်ရှင် ဦးကျော်ဝင်းက လှူဒါန်း ရခြင်းနှင့်ပတ်သက်၍ ကျေးဇူးတင်စကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

ယနေ့လှူဒါန်းမှုတွင် Reusable Cloth Mask အခုရေ ၁၅၀၀၀ ကို ရှေ့ပြေးလှူဒါန်းမှုအဖြစ် ပေးအပ်လှူဒါန်း ခဲ့ပြီး ကျန်ရှိသော Mask အခုရေ ၃၅၀၀၀ ကို မကြာမီရက်ပိုင်းအတွင်း ဆက်လက်ပေးအပ်လှူဒါန်းသွားမည် ဖြစ်သည်။

အဆိုပါ အခမ်းအနားသို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦး တွဲဖက်အတွင်းရေးမှူး ဦးသန်းနှင့် ကော်မတီဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံးမှ သံအမတ်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။


သတင်း-ကျော်စိုး

ဓာတ်ပုံ-ရွှေဝင်း






အခြားဆက်စပ်သတင်းများ