ရန်ကုန် ဇူလိုင် ၂၄
ကမာရွတ်မြို့နယ်အတွင်း ရပ်ကွက်ကြီး ၁၀ ရပ်ကွက်ဖြင့် ဖွဲ့စည်းထားကာရပ်ကွက်များ၌ နေထိုင်ကြ သည့် မိဘပြည်သူများ အမှိုက်စွန့်ပစ်မှုလွယ်ကူစေရန် မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာန ကမာရွတ်မြို့နယ်တာဝန်ခံဦးစောလှမင်းနှင့် ဝန်ထမ်းများက ရပ်ကွက်များအတွင်း ၆၆၀ လီတာ အမှိုက်ပုံး ၈၂ ပုံး၊ ၂၄၀ လီတာ အမှိုက်ပုံး ၉၈ ပုံးနှင့် ကွန်တိန်နာအမှိုက်ကန် ၂ ကန် ၊မြေစိုက်အမှိုက်ကန် ၃ ကန်တို့ကို ဖြန့်ကျက်ထားရှိပေးလျက်ရှိပြီး နေ့စဉ်အမှိုက်များသိမ်းစည်းပြီးပါက မိဘပြည်သူများအတွက် အနံ့အသက်ကင်းစင်စေရေး စနစ်တကျဆေးကြောခြင်း COVID-19 ရောဂါပိုးများမကပ်ငြိစေရန် ပိုးသတ်ဆေးများ ဖျန်းပေးခြင်းဆောင်ရွက်ပေးလျက်ရှိသည်ကို ဇူလိုင် ၂၄ ရက်က တွေ့မြင်ရစဉ်။
မောင်မောင်