နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုယ်ဝန်ဆောင်ချိန် သကြားစားသုံးမှုမြင့်မားခြင်းကြောင့် မွေးလာသော ကလေးတွင် ဓာတ်မတည့်မှုနှင့် ပန်းနာရင်ကျပ်ရောဂါ ဖြစ်ပွားနိုင်

ဇူလိုင်    ၂၄


ကိုယ်ဝန်ဆောင်ချိန်အတွင်း မိခင်၏ သကြားစားသုံးမှုနှင့် မွေးလာသောကလေးတွင် ပန်းနာရင်ကျပ်ရောဂါ ဖြစ်ပွားနိုင်သည့် အန္တရာယ်မြင့်မားခြင်းသည် ဆက်နွှယ်မှုရှိကြောင်း လေ့လာမှုအသစ်တစ်ရပ်က ဖော်ပြသည်။

ယခင်လေ့လာမှုများက သကြားဓာတ်ပါဝင်သော အချိုရည် သောက်သုံးမှုမြင့်မားခြင်းနှင့် ကလေးများ အသက် (၁၁) နှစ်အရွယ်တွင် ပန်းနာရင်ကျပ်ရောဂါဖြစ်ပေါ်ခြင်းကြား ဆက်စပ်မှုရှိကြောင်း ဖော်ပြခဲ့သည်။ လန်ဒန်မြို့ ကွင်းမယ်ရီတက္ကသိုလ်မှ သုတေသီများက မိခင်နှင့် ကလေး ၁၈,၀၀၀ ခန့်ကို လေ့လာခဲ့ခြင်း ဖြစ်သည်။

ကိုယ်ဝန်ဆောင်ချိန်တွင် မိခင်၏ သကြားစားသုံးမှုကြောင့် မွေးလာသော ကလေးတွင် ဓာတ်မတည့်မှု များနှင့် ပန်းနာရင်ကျပ်ရောဂါ ဖြစ်ပေါ်နိုင်သည့် အန္တရာယ်မြင့်မားကြောင်း သုတေသီများကပြောသည်။

ကိုယ်ဝန်ဆောင်ချိန်တွင် သကြားစားသုံးမှုမြင့်မားသော အမျိုးသမီးများနှင့် သကြားအနည်းငယ်သာ စားသုံးသော အမျိုးသမီးများကို နှိုင်းယှဉ်ရာ၌ သကြားစားသုံးမှုများသော အမျိုးသမီးများ၏ သားသမီးများ သည် ဓာတ်မတည့်မှုဖြစ်နိုင်ခြေ ၃၈ ရာခိုင်နှုန်းမြင့်မားပြီး ဓာတ်မတည့်မှုကြောင့်ဖြစ်သော ပန်းနာရောဂါ ဖြစ်ပွားနိုင်ခြေ ရာနှုန်းပြည့်ဖြစ်ကြောင်း လေ့လာတွေ့ရှိခဲ့သည်။

သားသမီးများတွင် ဓာတ်မတည့်မှုများနှင့် ပန်းနာရင်ကျပ်ဖြစ်ပွားမှုကို ရှောင်ကြဉ်ရေး ကိုယ်ဝန်ဆောင်ချိန်၌ အမျိုးသမီးများအနေဖြင့်် သကြားအများအပြားစားသုံးမှုကို ရှောင်ရှားသင့်ကြောင်း သုတေသီများကပြောသည်။ ပန်းနာရင်ကျပ်ရောဂါဖြစ်ပွားပါက နှလုံးထိခိုက်မှုဖြစ်နိုင်သည့် အန္တရာယ်မြင့်မား လာနိုင်သည်။                                                                                                                       

(သူရိန်)






အခြားဆက်စပ်သတင်းများ