နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Queue System အသုံးပြုခြင်းဖြင့် Customer များ၏ ဘေးကင်းလုံခြုံမှု ကာကွယ်

ရန်ကုန်   ဇူလိုင်   ၂၄


A Bank နတ်မောက်လမ်းဘဏ်ခွဲကို Customer များ၏ ဘေးကင်းလုံခြုံရေးအတွက် Queue System ကို အသုံးပြု၍ ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သိရသည်။ 

COVID-19 ရောဂါကူးစက်ပြန့်ပွားမှုလျှော့ချနိုင်ရန်နှင့် Customer များ၏ ဘေးကင်းလုံခြုံမှုအတွက် A Bank မှ Queue System ကို အသုံးပြုကာ ဖွင့်လှစ်သော ဘဏ်ခွဲဖြစ်ပြီး ဇူလိုင် ၂၂ ရက်မှစတင်၍ ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ 

ဘဏ်အတွင်းသို့ မဝင်ရောက်မီ ဘဏ်အရှေ့မျက်နှာစာတွင်ထားရှိသော လက်ဆေးစင် (Basin) များတွင် လက်ကို စင်ကြယ်အောင် ဆေးကြောရမည်ဖြစ်ပြီး ဝင်ပေါက်ရှိ ကိုယ်အပူချိန်တိုင်းတာခြင်းများကို ပြုလုပ်ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါပိုးကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ လိုက်နာကျင့်သုံးဆောင်ရွက်ထားပါသဖြင့် လူကြီးမင်းတို့အနေဖြင့် လုံခြုံစိတ်ချစွာဖြင့် ဘဏ်ဝန်ဆောင်မှုများကို ဆောင်ရွက်နိုင်ပြီဖြစ်သည်။  A bank နတ်မောက်လမ်းဘဏ်ခွဲကို  အမှတ် (၁၀၈)၊ ကမ္ဘာအေးဘုရားလမ်းနှင့် နတ်မောက်လမ်းထောင့်၊ ဗိုလ်ချို (၁) ရပ်ကွက်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးတွင် ဖွင့်လှစ်ထားရှိထားကြောင်း သိရသည်။                                               

 (HWY)






အခြားဆက်စပ်သတင်းများ