ရန်ကုန် ဇူလိုင် ၂၄
COVID-19 ကပ်ရောဂါ ၃ လကျော် ၄ လကြာ ကာလအတွင်း ကူးစက်ခံရသူများရှိနေဆဲဖြစ်သည့် အတွက်ကြောင့် ကာကွယ်ရေးနှင့်ကုသရေးအတွက် လိုအပ်ချက်များကို ဧရာဝတီဖောင်ဒေးရှင်းမှ ကူညီ ဆောင်ရွက်ပေးလျက်ရှိသည်။
ပြည်ပက ပြန်လာသူများ Quarantine ဝင်နိုင်ရန် စီစဉ်ပေးထားပြီး နေ့စဉ် လူ ၅၀၀ စာ အစားအသောက်များကိုလည်း ပို့ဆောင်ပေးလျက်ရှိပြီး ကူးစက်ခံရသူများကို ကုသပေးနေသည့် ဝေဘာဂီနှင့် တောင်ဥက္ကလာပဆေးရုံတို့အတွက် ကျပ်သိန်း ၅၀ စီ လှူဒါန်းခဲ့ပြီး ဓာတ်ခွဲနမူနာ ရယူပေးနေကြသည့် Swab Team အတွက် ကျပ် ၆၃ သိန်း၊ ပုသိမ်ဆေးရုံကြီးအတွက် ကျပ်သိန်း ၃၀ လှူဒါန်းထားခဲ့ကြောင်း သိရသည်။
ဧရာဝတီဖောင်ဒေးရှင်းမှ ကာကွယ်ကုသရေးလုပ်ငန်းများအတွက် ဆက်လက်ပံ့ပိုးကူညီပေးသွားမည်ဖြစ်ကြောင်း သိရသည်။
(NWA)