နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်မြို့တော်ဝန်မှ ကမ္ဘာ့မြို့ပြဖိုရမ်နှင့်ပတ်သက်၍အကြံပြုဆွေးနွေး

ရန်ကုန်၊ ဇူလိုင် ၂၄ ရက်


ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးသည် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ၊ အာရပ်စော်ဘွားများ ပြည်ထောင်စုသမ္မတနိုင်ငံ၊ အဘူဒါဘီမြို့၌ ကျင်းပ သည့် ဒဿမအကြိမ်မြောက် ကမ္ဘာ့မြို့ပြဖိုရမ် (WUF 10) သို့တက်ရောက်ခဲ့မှုနှင့်ပတ်သက်၍ WUF 10 ၏ ရလဒ်နှင့် အကျိုးသက်ရောက်မှု လေ့လာဆန်းစစ်ခြင်း တွေ့ဆုံမေးမြန်းခန်းအား ယနေ့မွန်းလွဲ ၁ နာရီ က မြို့တော်ခန်းမ ပထမထပ်ရှိ အစည်းအဝေးခန်းမ (၁) ၌ Skype ဖြင့် Video Conferencing  ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကုလသမဂ္ဂမြို့ပြနှင့် အိမ်ရာပြန်လည်ထူထောင်ရေးအဖွဲ့ (UN-Habitat) အား ကိုယ်စားပြု၍ လေ့လာဆန်းစစ်ချက် ဦးဆောင်ပြုလုပ်သူ (Lead Evaluator) Mrs. Magda Stepanyan မှ WUF 10 တက်ရောက်ခဲ့ရာတွင် ရန်ကုန်မြို့အတွက် ရရှိခဲ့သည့်အကျိုးကျေးဇူးများ၊ ပြန်လည်အသုံးချ နိုင်မှုများ၊ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုများ၊ ဖိုရမ်အပေါ်အကြံပြုလိုမှုများအား ရှင်းလင်းပေး စေလိုကြောင်း ပြောကြားရာ ရန်ကုန်မြို့တော်ဝန်မှ ဖိုရမ်တွင် နိုင်ငံတကာမြို့များအချင်းချင်း အပြန် အလှန် အတွေ့အကြုံဖလှယ်မှုများ၊ ကမ္ဘာ့ကုလသမဂ္ဂမှ အကြံပေးလမ်းညွှန်မှုများသည် အားလုံးအတွက် အသုံးဝင်အကျိုးရှိသော အကြောင်းအရာများဖြစ်ကြောင်း၊ အဆိုပါကာလမှစ၍ ကမ္ဘာတစ်ဝှမ်း COVID-19 ကပ်ရောဂါကျရောက်မှုကြောင့် နိုင်ငံတိုင်း၊ မြို့တိုင်း ကျန်းမာရေး၊ လူမှုရေး၊ နေထိုင်ရေး၊ စီးပွားရေးအပါအဝင် ကဏ္ဍမျိုးစုံမှာ အခက်အခဲနှင့်ရင်ဆိုင်ရကြောင်း၊ ယခုအခါ COVID-19 ကမ္ဘာ့ ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးသည် မြို့တိုင်းအတွက် အဓိကအရေးကြီးသော လုပ်ငန်းဖြစ်ကြောင်း၊ လူအချင်းချင်းခွာ၍ နေရသည့် Social Distancing ဖြင့် ရေရှည်အလုပ်လုပ်ရန်ခက်ခဲကြောင်း၊ ကျောင်းများသတ်မှတ်ချိန် ဖွင့်လှစ်နိုင်ခြင်းမရှိ၍ ပညာရေးမှာလည်းကောင်း၊ ရောင်းဝယ်ဖောက်ကား နိုင်မှု အခက်အခဲ၊ စက်ရုံများပိတ်ရသည့်အကြောင်းရင်းများကြောင့် စီးပွားရေးမှာလည်းကောင်း ကျဆင်းရကြောင်း၊ လူ့စွမ်းအားအရင်းအမြစ်ရှိသော်ငြား ငွေကြေးမရှိလျှင် ဆောင်ရွက်၍မရသဖြင့် ယခု အခါ Cash For Work လုပ်ငန်းစဉ်အား မိမိတို့မြို့ရွာအနှံ့ ထူထောင်နေရကြောင်း၊ COVID-19 ကျရောက်ချိန်အတွင်း ငွေကြေးအဖွဲ့အစည်းများ၊ အလှူရှင်များမှ ပံ့ပိုးကူညီမှုများသည် လတ်တလော ဖြေရှင်းနိုင်ရုံသာဖြစ်ရာ ရင်းနှီးမြှုပ်နှံမှုပမာဏကြီးပြီး ပြန်လည်အကျိုးအမြတ်ရရှိနိုင်မှုမရှိ၍ ရေရှည် ဆောင်ရွက်၍မရကြောင်း၊ ထို့ကြောင့် မြို့ရွာများပြန်လည်ထူထောင်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖိုရမ်မှ အကြံပြုလမ်းညွှန်မှုများကို အခြေခံကာ သက်ဆိုင်ရာ နိုင်ငံ၊ မြို့ရွာများနှင့်လျော်ညီသော စီးပွား ရေး၊ လူမှုရေး ပြန်လည်ထူထောင်နိုင်မည့် အစီအမံများကို ချမှတ်ဆောင်ရွက်သွားရန် အကြံပြုလို ကြောင်း၊ ရန်ကုန်မြို့အနေဖြင့်လည်း မြို့နေပြည်သူများ၏ စားဝတ်နေရေးအဆင်ပြေစေရေး၊ အခြေခံ အဆောက်အအုံကဏ္ဍ ဖွံ့ဖြိုးရေးတို့အား ဦးစားပေး၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန် မြို့တော်ဝန်မှ ဖြေကြားခဲ့ပါသည်။

Video Conferencing  ပြုလုပ်ရာတွင် မြို့တော်ဝန်နှင့်အတူ မြို့ပြစီမံကိန်းဌာနမှူး ဒေါက်တာ တိုးအောင်နှင့် ဒုတိယဌာနမှူး ဒေါ်တင်တင်ကြည်တို့ တက်ရောက်ကြကြောင်းသိရသည်။


သွင်မောင်မောင်






အခြားဆက်စပ်သတင်းများ