ရန်ကုန် ဇူလိုင် ၂၄
ပြည်သူ့ကျန်းမာရေးနှင့်စျေးများလုပ်ငန်းတာဝန်ခံအဖွဲ့ (ပြည်သူ့ကျန်းမာရေး) မှ ဇူလိုင်လ ၂၂ရက်က ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် (၅၄) ရပ်ကွက်တွင် ရပ်ကွက်လုံးကျွတ် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်တားဆီးရေးလှုပ်ရှားမှုအားဆောင်ရွက်ခဲ့သည်။
အလားတူ မရမ်းကုန်းမြို့နယ် (၇) ရပ်ကွက်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ NGO အဖွဲ့များနှင့်ပူးပေါင်း၍ အဘိတ်ဆေးခပ်ခြင်း၊ ကမာရွတ်မြို့နယ် (၁၀)ရပ်ကွက်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် (၁၃၃)ရပ်ကွက်၊ အင်းစိန်မြို့နယ် သန့်ရှင်းရေးတပ်ခွဲလိုင်းခန်းများတွင် လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ အဘိတ်ဆေးခပ်ခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။
သွင်မောင်မောင်