ပုဏ္ဏားကျွန်း ဇူလိုင် ၂၃
စစ်တွေခရိုင်ပုဏ္ဏားကျွန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဇူလိုင် ၂၃ ရက် နံနက်ပိုင်းက မြို့နယ်ကျေးလက်ဦးစီးမှူးရုံးတွင် ပုဏ္ဏားကျွန်းမြို့နယ် ကျေးလက်ဦးစီးဌာန လူထုဗဟိုပြုစီမံကိန်းမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ဒုတိယနှစ် စက်ဝန်းအတွင်း စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်သည့် ကျေးရွာအုပ်စု ၉၄ ခုအနက် စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်နေသည့်အုပ်စု ၂၃ အုပ်စုသို့ လုပ်ငန်းဆောင်ရွက်စဉ်အတွင်း ထိခိုက်ဒဏ်ရာများရရှိပါက အလွယ်တကူအသုံးပြုနိုင်မည့် (First Aid Kit) များကို ကျေးရွာအုပ်စုများသို့ ပုဏ္ဏားကျွန်းမြို့နယ် ကျေးလက်ဦးစီးမှူး ဦးကျော်သန့်ဇင် လက်ထောက် ညွှန်ကြားရေးမှူး(နည်းပညာ)နှင့် လူထုဗဟိုပြုဆိုင်ရာဝန်ထမ်းများ မြို့နယ်နည်းပညာအဖွဲ့ခေါင်းဆောင် ဦးကျော်သန်းတို့က ကျေးရွာစီမံကိန်းအထောက်အကူပြုကော်မတီဝင်များထံပေးအပ်ကြစဉ်။
အောင်လှဖြူ(ရမ်းဗြဲ)