နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ချောင်းသာစပါးထားတံတား အောက်ခံယက်မတန်းများ ဆွေးမြည့်ပျက်စီး၍ တစ်တန်အထက်ယာဉ်များ ဖြတ်သန်းခွင့် ခေတ္တရပ်နားထား

ချောင်းသာ၊  ဇူလိုင်  ၂၃


ချောင်းသာကမ်းခြေနှင့် ရွှေသောင်ယံကမ်းခြေသို့ ဆက်သွယ်သွားလာရာတွင် အသုံးပြုလျက်ရှိသော ချောင်းသာမြို့အဝင်ရှိ စပါးထားတံတား အောက်ခြေယက်မတန်းလေး‌ချောင်းမှာ သံခြေစား၍ တံတား အနည်းငယ်နိမ့်ကျပြီး ကြံ့ခိုင်မှုမရှိတော့သည့်အတွက် ရွှေသောင်ယံမြို့လမ်းဦးစီးဌာနမှ ပြန်လည်ပြုပြင်နေဆဲ ကာလတွင် တစ်တန်အထက်ယာဉ်များ ဖြတ်သန်းသွားလာခွင့်ကို ယာယီရပ်ဆိုင်းထားကြောင်း သိရသည်။

တံတားပြုပြင်ဆဲကာလမှာ ကုန်စည်စီးဆင်းမှုမပြတ်‌စေရန်နှင့် သွားလာရေးလုပ်ငန်းများ အဆင်ပြေစေရန် ကုန်ကားများ၊ လိုင်းကားများကို တစ်ဖက်နှင့်တစ်ဖက် ကားချိန်းပြီး ဆောင်ရွက်နေကြကြောင်း တံတား ပြုပြင်ဆဲကာလမှာ တစ်ရက်ခွဲခန့်သာ ကြာမြင့်တော့မည်ဖြစ်ကြောင်း ရွှေသောင်ယံမြို့လမ်းဦးစီးဌာနမှ သိရသည်။

ကိုကိုမောင် ပြန်/ဆက်






အခြားဆက်စပ်သတင်းများ