ချောင်းဦး၊ ဇူလိုင် ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်အတွင်း အခြေခံပညာအထက်တန်းကျောင်း ၃ ကျောင်း၊ အထက်တန်းကျောင်းခွဲ ၇ ကျောင်း စုစုပေါင်း ၁၀ ကျောင်းရှိပြီး ဇူလိုင် ၂၁ ရက် ကျောင်းပြန်ဖွင့်လှစ်ချိန်တွင် ကျောင်းများပြန်လည်ဖွင့်လှစ်သင်ကြားနေသည့် အခြေခံပညာအထက်တန်းကျောင်းနှင့် ကျောင်းခွဲများကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဘော်၊ မြို့နယ်ပညာရေးမှူး ဦးစိန်ချွန်၊ ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးမှူး ဦးလှမိုး ပါဝင်သည့် စုပေါင်းအဖွဲ့သည် ဇူလိုင် ၂၁ ရက်နှင့် ၂၂ ရက်များတွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့စဉ်။
ဝင်းမြင့်အောင်(ပြန်/ဆက်)