ရန်ကုန် ဇူလိုင် ၂၃
တာမွေမြို့နယ် စည်ပင်သာယာရေးကော်မတီမှ တာမွေမြို့နယ်တာမွေကြီး (က+ဂ)ရပ်ကွက် ၁၅၅ လမ်း၊ ရွှေဟင်္သာလမ်း၊ ရွှေဥဒေါင်းလမ်း၊ ၁၅၄ လမ်းတိုနှင့် ကျိုက္ကဆံလမ်း၊ တာမွေယာယီဈေးရှေ့တို့တွင် စျေးရောင်း ချလျက်ရှိသည့် ခွင့်ပြုချက်မဲ့ပျံကျစျေးသည်များကို စျေးရောင်းချမှုမရှိစေရေးအတွက် လွန်ခဲ့သည့်ဇွန်လ တတိယအပတ်မှစတင်ကာ နို့တစ်စာထုတ်ခြင်းအသိပေးလက်မှတ်ထိုးဆောင်ရွက်ခြင်းနှင့် ဗီနိုင်းပိုစတာများ ချိတ်ဆွဲအသိပေးခြင်းများ ဆောင်ရွက်ပြီးဖြစ်သည်။
ထိုသို့ဆောင်ရွက်ပြီး ဇူလိုင် ၂၃ ရက်နံနက်က မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌဦးအောင်မျိုးလင်းနှင့် အဖွဲ့ဝင်များ အတွင်းရေးမှူး မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးယုလေးအောင်နှင့် လက်ထောက်အုပ်ချုပ်ရေးမှူးများ တွဲဘက်ဌာနတာဝန်ခံများ လုံခြုံစည်းကမ်းထိန်းသိမ်းရေး ရဲတပ်ဖွဲ့ဝင် များပူးပေါင်းအဖွဲ့ဖြင့် ပျံကျစျေးသည်များရှင်းလင်းရာ ယင်းတို့ထားရစ်ခဲ့သည့်ဆိုင်ခုံများ စျေးဗန်းများ ဆိုင်းဘုတ်များ လမ်းဘေးစုပုံပစ္စည်းများကို အမှိုက်အဖြစ်သတ်မှတ်သိမ်းစည်းကာ စွန့်ပစ်၍ စည်းကမ်းမဲ့ ခွင့်ပြုချက်မဲ့စျေးရောင်းချပါက စည်ပင်သာယာဥပဒေများဖြင့် အရေးယူမည်ဖြစ်ကြောင်း လက်ကိုင်စပီကာ ဖြင့် နှိုးဆော်ခဲ့ကြစဉ်။
မောင်မောင်