နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပုဂံမာရသွန်အပြေးပြိုင်ပွဲ ကျင်းပမည်

ဇူလိုင်    ၂၃


ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်သည့်အပြင် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်လည်းဖြစ်သည့် ပုဂံဒေသရှိ  စေတီပုထိုးများကြား၊ ရွာများကြားတွင်ပြေးရသော ပုဂံမာရသွန်ပြိုင်ပွဲကို နိုဝင်ဘာ ၂၈ ရက်တွင် ကျင်းပ သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


အဆိုပါပြိုင်ပွဲသည် မိသားစု၊ မိတ်ဆွေ၊ ပြေးဖော်ပြေးဖက်များကြား ပျော်ရွှင်နွေးထွေးမှုကို ခံစားရစေရန် ရည်ရွယ်၍ ကျင်းပသောပြိုင်ပွဲတစ်ခုဖြစ်ပြီး ၁၀ ကီလိုမီတာ၊ ၂၁ ကီလိုမီတာ၊ ၄၂ ကီလိုမီတာဟူ၍ ပြိုင်ပွဲ အမျိုးအစားသုံးမျိုး ခွဲခြားထားသည်။


ပုဂံမာရသွန်အပြေးပြိုင်ပွဲကို Albatros Adventure Marathons မှ ကြီးမှူးကာ ၂၀၁၅ ခုနှစ်မှစတင်၍ ယခုနှစ်အထိ ငါးနှစ်ဆက်တိုက်ကျင်းပခဲ့ခြင်းဖြစ်ရာ တစ်နှစ်ထက်တစ်နှစ် ဝင်ရောက် ယှဉ်ပြိုင်သူဦးရေ ပိုမို  များပြားလာခဲ့ကြောင်း သိရသည်။


ပုဂံရှေးဟောင်းဒေသသည် ကမ္ဘာလှည့်ခရီးသွားများ အများဆုံးလာရောက်သည့် နေရာတစ်ခုဖြစ်သည့် အတွက် စတင်ကျင်းပခဲ့သည့် ၂၀၁၅ ခုနှစ်တွင် နိုင်ငံခြားသားအများစုသာ ပါဝင်ခဲ့သော်လည်း နောက်ပိုင်း နှစ်များတွင် မြန်မာနိုင်ငံသားများပါ ဝင်ရောက်ယှဉ်ပြိုင်လာခဲ့ကြောင်း သိရသည်။


ကျော်စိုးသူ(City News)






အခြားဆက်စပ်သတင်းများ