နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရေဘေးအန္တရာယ်နှင့် ကျန်းမာရေး

ရန်ကုန်   ဇူလိုင်   ၂၃


ယခုအခါ မြန်မာနိုင်ငံမြောက်ပိုင်းတွင် မိုးအဆက်မပြတ်ရွာသွန်းနေသောကြောင့် ရေကြီးရေလျှံမှုများ၊ ရေနစ်မြုပ်မှုများ နေရာအလိုက် ဖြစ်ပွားနေသည်။ ထိုသို့ ဖြစ်ပွားနေသောကြောင့် ဒေသခံပြည်သူများ  ရေဘေးဒုက္ခကြုံတွေ့နေရသည်။ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးမှုအန္တရာယ်၊ ရုတ်တရက် ရေလွှမ်းမိုး မှုအန္တရာယ်၊ မြွေကိုက်မှုအန္တရာယ်နှင့် အအေးမိ၍ဖျားနာခြင်း၊ အဆုတ်ရောင်ခြင်း၊ ကူးစက်ရောဂါများဖြစ်သော ဝမ်းပျက်၊ ဝမ်းလျှောရောဂါ၊ အစာအဆိပ်သင့် ရောဂါနှင့် အခြားကျန်းမာရေးပြဿနာများ ဖြစ်ပွားတတ်သည်။


ဝမ်းပျက်၊ ဝမ်းလျှောရောဂါအပါအဝင် အစားအစာနှင့် ရေမှတစ်ဆင့် ကူးစက်တတ်သောရောဂါများ ဖြစ်ပွား နိုင်သဖြင့် ကျိုချက်ထားသောရေ(သို့မဟုတ်) ကလိုရင်းခတ်ထားသော ရေကို သောက်ရန်နှင့် မြစ်ရေ၊ ချောင်းရေ နှင့်မသန့်ရှင်းသော ရေများကို မသောက်ရန် လိုအပ်သည်။ အစာအဆိပ်သင့်မှုမဖြစ်စေရန် ရေမျောအစားအစာ များနှင့် စည်သွပ်ဘူးများ၊ အခြားအမျိုးအမည်မသိ အစားအစာများ မစားသောက်ရန်နှင့် သောက်သုံးရေ အရင်း အမြစ်များနှင့် ရေတွင်း၊ ရေကန်များအနီးတွင် အညစ်အကြေးများ မစွန့်ရန် လိုအပ်သည်။


အအေးမမိစေရန် အမိုးအကာအောက်တွင် နေထိုင်ရန် လိုအပ်သကဲ့သို့ နွေးထွေးသော အဝတ်များ ဝတ်ဆင် ရန်နှင့် တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုပြုဆောင်ရွက်ရန် လိုအပ်သည်။ ရေနစ်မြုပ်ဒေသများတွင် နာမကျန်းဖြစ်မှု၊ ထိခိုက်ဒဏ်ရာရရှိပါက ဆေးရုံနှင့် ကျန်းမာရေးစောင့်ရှောက်မှုဆေးခန်းများတွင် ချက်ချင်းပြသ၍ ဆေးကုသမှု ခံယူရန် လိုအပ်သည်။


ရေလွှမ်းမိုးသော နေရာဒေသများတွင် တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များက ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကျန်းမာရေးဦးစီးဌာနမှလည်း ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။


ဝမ်းပျက်၊ ဝမ်းလျှောရောဂါဖြစ်ပွားပါက ကျန်းမာရေးဌာနများတွင် အချိန်မီကုသမှုခံယူရန်နှင့် အဆင့်ဆင့် အချိန်မီ အမြန်ဆုံးသတင်းပို့ရန် လိုအပ်သည်။ မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် ရေလွှမ်းမိုးသောနေရာများ တွင် ပြည်သူများအတွက် ကျန်းမာရေးသတိပေးနှိုးဆော်ချက်များ ထုတ်ပြန်ထားရာ သတိပြုဆင်ခြင်စေချင်ကြောင်း ။             ။






အခြားဆက်စပ်သတင်းများ