ရန်ကုန် ဇူလိုင် ၂၃
ရန်ကင်းမြို့နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင်များက မြို့နယ်အတွင်းရှိ ဆိုင်ထိုင်စနစ်ဖြင့် ပြန်လည်ဖွင့်လှစ်နိုင်ရေး အတွက် စားသောက်ဆိုင်များသို့သွားရောက်ကာ လိုက်နာရမည့်အချက်များ၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ညွှန်ကြားထားသည့်အချက်များ၊ စားသောက်ဆိုင်များမှ တာဝန်ရှိသူများ၊ ဝန်ထမ်းများ လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ စားသုံးသူများ လိုက်နာရမည့်အချက်များ၊ အထူးဂရုပြုဆောင်ရွက်ရမည့် အချက်များနှင့်အညီ ရောင်းချမှုရှိနိုင်ရန် ကွင်းဆင်းအသိပညာပေးခြင်းနှင့် စစ်ဆေးခြင်းကို ပထမအကြိမ်ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်းသိရသည်။
အဆိုပါ ပထမအကြိမ် စစ်ဆေးမှုခံယူပြီးသောစားသောက်ဆိုင်များအား စည်းကမ်းချက်များနှင့်အညီ လိုက်နာမှုရှိ/မရှိ ရှောင်တခင်စစ်ဆေးခြင်းကို ဇူလိုင် ၂၂ ရက်က မြို့နယ်အတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြစဉ်။
လင်းလင်းထွန်း(ပြန်/ဆက်)