နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
YBS စီးနင်းသူ ခရီးသည်များ ပြန်လည်များပြားလာခြင်းကြောင့် (Mask) များ၊ လက်သန့်ဆေးရည် (Hand Gel) များ ထပ်မံဝယ်ယူဖြည့်တင်းပြီး ကာကွယ်မှုများ တိုးမြှင့်ပြုလုပ်

ရန်ကုန်  ဇူလိုင်  ၂၃


YBS ယာဉ်များအသုံးပြုစီးနင်းသူ ပြန်လည်များပြားလာခြင်းကြောင့် ယာဉ်များပေါ်တွင် မျက်နှာဖုံး (Mask)များ၊ လက်သန့်ဆေးရည်(Hand Gel) များ ထပ်မံဝယ်ယူဖြည့်တင်းပြီး ကာကွယ်မှုများ တိုးမြှင့် လုပ်ဆောင်‌ပေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့  (YRTA) မှ သိရသည်။


ဇူလိုင်လ ၁ ရက်မှ ၇ ရက်အထိ ခရီးသွားပြည်သူ ဝ ဒသမ ၈သန်းခန့် သွားလာမှုရှိခဲ့ကာ  လက်ရှိတွင် ယာဉ် အစီးရေတိုးမြှင့်ထွက်ရှိလာသလို ခရီးသည်ဦးရေလည်း တိုးမြှင့်စီးနင်းလာခြင်းကြောင့် ကျန်းမာရေး ဌာနများ၏ ထုတ်ပြန်ထားမှုများအရ ယခုကဲ့သို့ ကာကွယ်မှုများ တိုးမြှင့်လုပ်ဆောင်‌‌ပေးခြင်းဖြစ်ကြောင်း သိရသည်။


“ ဒီဘက် ၇ လပိုင်းမှာ ခရီးသည်တွေ ပြန်တိုးတက်လာတယ်။ အခု ခရီးသွားဦးရေ  ၉၅၀ဝ၀ဝ ကျော်ဖြစ်လာပြီ။ အရင်ရဲ့ တစ်ဝက်ရောက်လာတယ်ပေါ့။ အခု ၇ လပိုင်းမှာ ယာဉ်အစီးရေက  ၃၇၆၉ စီးတိုးထွက်လာတယ်။ ပြီးခဲ့တဲ့လက ၈၃ ရာခိုင်နှုန်းလောက်ပဲထွက်တယ်။ အခုဒီလ ၂၀ ရက်အထိပေါ့၊ ကောက်ယူတဲ့စာရင်းအရ ၈၆ ရာခိုင်နှုန်းလောက်အထိ ပြောင်းလဲထွက်သလို ခရီးသွားဦးရေသည်လည်း အခုဆိုရင် ၉၅၀၀၀၀ ဆိုတာက တော်တော်များများဖြစ်လာပြီ” ဟု YRTA တွဲဖက်အတွင်းရေးမှုး ဦးလှအောင်က ပြောသည်။


လက်ရှိတွင်  COVID-19 မဖြစ်ပွားမီကာလက ခရီးသည် ဦးရေ၏ ၅၀ ရာခိုင်နှုန်းကျော်ပြန်လည် စီးနင်းလာပြီဖြစ်ကြောင်း YRTA မှသိရသည်။                                                                             



မေဘယ်လ်အောင်






အခြားဆက်စပ်သတင်းများ