နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လက်ဝှေ့ကြိုးဝိုင်းကိုပြန်လာဖို့ စိတ်အားထက်သန်နေတဲ့ မိုဟာမက်မန်နျူရယ်ချား

ဇူလိုင်   ၂၃


ဟဲဗီးဝိတ်လက်ဝှေ့သမား မိုဟာမက်မန်နျူရယ်ချားက EC Boxing နှင့် လက်မှတ်ရေးထိုးစာချုပ်ချုပ်ဆိုပြီးနောက် နာမည်ကြီးဟဲဗီးဝိတ်တန်းလက်ဝှေ့သမားများနဲ့ ထိုးသတ်လိုကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။  

WBA သရဖူအတွက် ကမ္ဘာ့ချန်ပီယံဟောင်း မက္ကဆီကိုလက်ဝှေ့သမား အန်ဒီရုဇ်နှင့် ယှဉ်ပြိုင်ထိုးသတ် လိုကြောင်း၊ အန်ဒီရုဇ်အားလည်း ကမ္ဘာ့ချန်ပီယံပြန်ဖြစ်ရန် အခွင့်အရေးပေးလိုကြောင်း၊  မိမိစိန်ခေါ်မှု ကိုလက်ခံ၍ တိုက်ခိုက်ရန်နှင့် အမေရိကန် သို့မဟုတ် မက္ကဆီကိုသို့ လာရောက်ထိုးသတ်မည်ဖြစ်ကြောင်း၊ စစ်မှန်သောတိုက်ပွဲ တစ်ခုဖြစ်လာရန် အာမခံကြောင်းများကို  လူမှုကွန်ရက်ပေါ်တင်ထားတဲ့ပို့စ်များတွင် ရေးသားထားခဲ့ပါတယ်။

လက်ဝှေ့ပွဲစီစဉ်သူ အီရိုးကေလန်က လက်ဝှေ့ကြိုးဝိုင်းသို့ပြန်ဝင်လာရန် စိတ်အားတက်ကြွစွာ စောင့်ဆိုင်း နေတဲ့ မန်နျူရယ်ချားအတွက် လက်ဝှေ့ပွဲများဖြစ်ပေါ်လာနိုင်ကြောင်းပြောကြားခဲ့ပါတယ်။ လွန်ခဲ့တဲ့ဆယ်စုနှစ် တစ်ခုအကြာက EC Boxing ကို တည်ထောင်ခဲ့တဲ့ အီရိုးကေလန်က လူသိများသော လက်ဝှေ့သမားများဖြစ်တဲ့ ခရစ္စတီယန်ဟမ်းမားနဲ့ IBO ဝယ်တာဝိတ်ချန်ပီယံ ဆီဘက်စတီယန်ဖော်မယ်လာတို့ကို  လိုက်ဟဲဗီးဝိတ်သရဖူ အတွက်စိန်ခေါ်သူ အီစီဂါဒယ်ကင်တိုအတွက်လည်း ပြိုင်ပွဲများစီစဉ်ပေးသွားမယ်လို့သိရပါတယ်။                                                   


(SO)






အခြားဆက်စပ်သတင်းများ