နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
၂၀၂၀ ပြည့်နှစ်ကနေ ရွှေ့ဆိုင်းလာတဲ့ တိုကျိုအိုလံပစ်ပြိုင်ပွဲ ၂၀၂၁ ခုနှစ်မှာ စီစဉ်ထားတဲ့အတိုင်းကျင်းပမည်

ဇူလိုင်  ၂၃


၂၀၂၁ ခုနှစ်သို့ ရွှေ့ဆိုင်းလိုက်ရတဲ့ တိုကျိုအိုလံပစ်ပြိုင်ပွဲကို စီစဉ်ထားတဲ့အတိုင်း ဆက်လက်ကျင်းပသွားမယ်လို့ သိရပါတယ်။ ပြိုင်ပွဲကျင်းပရေးအဖွဲ့ကလည်း အစီအစဉ်အတိုင်းကျင်းပဖို့ အတည်ပြုထုတ်ပြန်လိုက်ပါတယ်။

၂၀၂၀ ပြည့်နှစ်၊ မတ်လတွင်ကျင်းပမည့် တိုကျိုအိုလံပစ်ပြိုင်ပွဲကို COVID-19 ကြောင့် လာမည့် ၂၀၂၁ ခုနှစ်သို့ ပြောင်းလဲကျင်းပရန် နိုင်ငံတကာအိုလံပစ်ကော်မတီနှင့် ဂျပန်အစိုးရတို့က ဆုံးဖြတ်ခဲ့ကြတာလို့သိရပါတယ်။ အဲဒီ အိုလံပစ်ပြိုင်ပွဲအတွက် ဂျပန်နိုင်ငံက ဆယ်စုနှစ်တစ်ခုကြာ ကြိုတင်ပြင်ဆင်ခဲ့ကြတာပါ။ ပြိုင်ပွဲအတွက်လည်း အစီအစဉ်များရေးဆွဲထားပြီးဖြစ်ပါတယ်။ အိုလံပစ်ပြိုင်ပွဲဖွင့်ပွဲကိုတော့ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့မှာ ကျင်းပမှာဖြစ်ပါတယ်။ အမျိုးသားဘောလုံးပြိုင်ပွဲကို ဇူလိုင်လ ၂၂ ရက်တွင်စတင်ပြီး၊ အမျိုးသမီးဘောလုံးပြိုင်ပွဲကို ဇူလိုင်လ ၂၁ ရက်နေ့မှာ ကျင်းပပေးမည်ဖြစ်ကြောင်းသိရှိရပါတယ်။                                                       

 (SO)






အခြားဆက်စပ်သတင်းများ