နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပုလဲမြို့နယ်၌ မီးလောင်မှုဖြစ်ပွား

ပုလဲ ဧပြီ ၁၂ ဧပြီ ၁၁ ရက်၊ နံနက် ၃ နာရီအချိန် စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၊ ကိုင်းတွင်းကျေးရွာနေ ဦးရွှေမင်း (၄၅)နှစ်၏ နေအိမ်မီးဖို မီးကြွင်းမီးကျန်မှတစ်ဆင့် မီးစတင်လောင်ကျွမ်းခဲ့သဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မီးသတ်စခန်းများမှ မီးသတ်ယာဉ် ၁၀ စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၅ နာရီ ၁၅ မိနစ်အချိန်တွင် မီးငြိမ်း သွားခဲ့ပါသည်။ မီးလောင်မှုကြောင့် လူ/တိရိစ္ဆာန် ထိခိုက်မှုမရှိဘဲ နေအိမ် ၃၇ လုံး၊ တဲ ၂ လုံး မီးလောင်ဆုံးရှုံးခဲ့သဖြင့် ဦးရွှေမင်း(ဖမ်းမိ)အား ပုလဲမြို့မရဲစခန်း (ပ)၆၈/၂၀၂၀၊ ရာဇသတ်ကြီး ပုဒ်မ ၂၈၅ (မီးပေါ့ဆမှု)ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။ ဆွေဦး






အခြားဆက်စပ်သတင်းများ