နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဟင်္သာတ၌ သဘာဝရေဘေးအန္တရာယ်အတွက် ဖြတ်တာများ ကြိုတင်တည်ဆောက်ကာကွယ်ထား

ဟင်္သာတ  ဇူလိုင်  ၂၂


ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၌ မြို့၊ ရွာနှင့် သီးနှံ စိုက်ခင်းများ နှစ်စဉ် မိုးရာသီ ရေကြီး ရေလျှံမှုမှကာကွယ်ရန် ဧရာဝတီ -ဟင်္သာတတာ တာမိုင် အလျား - ၁၅မိုင် ၅ဖာလုံနှင့် ဟင်္သာတကမ်းနားတာ တာမိုင် ၆မိုင် ၅ဖာလုံကို လည်ကောင်း၊ ဧရာဝတီ -ဟင်္သာတတာနှင့် ဟင်္သာတ -ကမ်းနားတာကြားတို့တွင်  ရေကြီးတိုက်စားမှုမှ ကာကွယ်ရန်အတွက် အင်းမပန်းတာ၊ ဦးမိုးလေးဖြတ်တာ (၁) ၊ ဖြတ်တာ(၂)နှင့် ဖြတ်တာ(၃) တို့ကို တည်ဆောက်ထားကြောင်း ဟင်္သာတမြို့နယ်၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။ 

နှစ်စဉ် ဧရာဝတီမြစ်ကြောင်းပြောင်းလဲစီးဆင်းမှုကြောင့် ၂၀၁၉ခုနှစ်အတွင်း ဟင်္သာတ ကမ်းနားတာ ၄/၃ မှ ၅/၀အတွင်း ကမ်းပြိုကမ်းစားမှုအများဆုံးဖြစ်ပေါ်ခဲ့ရာ ၂၀၁၉ခုနှစ် မိုးလွန်ကာလ ကမ်းတိုင်းတာမှုများအရ အနီးဆုံးနေရာတွင် (၂၃၀)ပေနှင့် အဝေးဆုံးနေရာ၌ (၇၀၈)ပေ ကွာဝေးခဲ့ပြီး ယခုနှစ် မိုးရာသီကာလ မြစ်ရေကြီးချိန်၌ ဦးမိုးလေး ဖြတ်တာ (၁) ရေတိုက်စားပြီး ပျက်စီးမှုများဖြစ်‌ပေါ်ခဲ့ပါက ဦးမိုးလေးဖြတ်တာ(၁)နှင့် ဖြတ်တာ(၂) အကြားရှိ ကျေးရွာ(၄)ရွာရှိ အိမ်ခြေစုစုပေါင်း (၉၆၀)လုံး၊ ဘုန်းကြီးကျောင်း(၄)ကျောင်းနှင့် စာသင်ကျောင်း(၄) ကျောင်းတို့ ရေဘေးဒုက္ခအန္တရာယ်ကျ ရောက်နိုင်သဖြင့်   ဦးမိုးလေးဖြတ်တာ(၁)၏နောက်ဘက် ပေ(၁၀၀၀)ခန့်အကွာ၌ ဖြတ်တာအသစ်အား ယခုနှစ်မိုးမကျမီ ဟင်္သာတခရိုင်၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ တည်ဆောက်ထား‌ကြောင်းသိရသည်။ 

ဧရာဝတီတိုင်းဒေသကြီးဆည်မြောင်းနှင့်‌ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနနှင့် ခရိုင်နှင့်မြို့နယ် တာဝန်ရှိသူများက ဇူလိုင် ၂၀ ရက်က ကွင်းဆင်းစစ်ဆေးမှုများပြုလုပ်ခဲ့ရာတွင် ဟင်္သာတ-ကမ်းနားတာ ၄/၃နှင့် ၅/၀အတွင်း ဦးမိုးလေး ဖြတ်တာ(၁)ဘက်သို့ရေတိုက်စားလာခြင်းကြောင့် ဧရာဝတီမြစ်ကမ်းနှင့် ဦးမိုးလေးဖြတ်တာ(၁)အကြား အနီးဆုံးအကွာအဝေးမှာ (၁၁၇)ပေနှင့် အဝေးဆုံးအကွာအဝေးမှာ (၆၇၅)ပေ ရှိကြောင်း ကမ်းတိုင်းစာရင်းများအရ သိရှိရသည်။

မြစ်ရေတိုက်စားမှုကြောင့် ဦးမိုးလေးဖြတ်တာ(၁)  ပြိုကျပျက်စီးသွားပါ ယ ခုနှစ်မိုးမကျမီ ဖြတ်တာအသစ်အား တည်ဆောက်ပြီးစီးမှုကြောင့် ဒေသခံ ရပ်ကွက်၊ ကျေးရွာ ပြည်သူလူထုအနေဖြင့် စိုးရိမ်ဖွယ်ရာမရှိကြောင်း သိရှိရသည်။                                                                                                       


 ကျော်ကျော်(ဟင်္သာတ)






အခြားဆက်စပ်သတင်းများ