နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
COVID-19 ကူးစက်ကာလအတွင်း ထိုင်းနိုင်ငံရောက်မြန်မာများ နောက်ထပ် ၂ လ ဗီဇာသက်တမ်းတိုးနေထိုင်ခွင့်ရ

ရန်ကုန် ဇူလိုင် ၂၂


COVID-19 ကူးစက်ကာလအတွင်းထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများ အပါအဝင် နိုင်ငံခြားသားများကို နောက်ထပ် ၂ လ ဗီဇာသက်တမ်းတိုး နေထိုင်ခွင့်ပြုသွားရန် သက်ဆိုင်ရာ ထိုင်းအာဏာပိုင်အဖွဲ့မှ ဆုံးဖြတ်လိုက်ကြောင်း ဇူလိုင် ၂၁ ရက် ထုတ်ဗန်ကောက်ပို့စ်သတင်းစာတွင် ဖော်ပြထားသည်။

ယခုနှစ်၊ မတ်လအတွင်းကလည်း အလားတူ ဗီဇာသက်တမ်းတိုး နေထိုင်ခွင့်ပြုခဲ့ပြီး ယခုတစ်ခါထပ်မံ၍ လာမည့်သြဂုတ်လ ၁ ရက်မှစပြီး ဗီဇာသက်တမ်းကုန်သူများကို နောက်ထပ် ၂ လ သက်တမ်းတိုး နေထိုင်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။ 

ဗီဇာသက်တမ်း ကုန်ခါနီးဖြစ်သဖြင့် စိတ်ပူနေကြသော မြန်မာရွှေ့ပြောင်း အလုပ်သမားများအနေနှင့် ယခုကဲ့သို့ထိုင်းအစိုးရမှ ပြည်ဝင်ခွင့်ဗီဇာသက်တမ်း ထပ်မံတိုးပေးသည့်အတွက် အတိုင်းအတာတစ်ခုအထိ အဆင်ပြေသွားကြောင်း ထိုင်းနိုင်ငံတွင် ပိတ်မိနေသော မြန်မာရွှေ့ပြောင်း အလုပ်သမား များက ပြောသည်။

ပထမတစ်ကြိမ် ဗီဇာသက်တမ်းတိုးပေးစဉ်က သက်ဆိုင်ရာ ထိုင်းအာဏာပိုင်အဖွဲ့ရုံးသို့သွားရောက် အကြောင်းကြားစရာမလိုဘဲ နေထိုင်ခွင့်ရခဲ့သလိုယခုတစ်ကြိမ်တွင်လည်း သွားစရာမလိုသော်လည်း နိုင်ငံကူးလက်မှတ်ထဲတွင်သက်တမ်းတိုးပေးထားသောအထောက်အထားများရှိနေမည်မဟုတ်ကြောင်း သိရသည်။

ယခု COVID-19 ကူးစက်ကာလအတွင်းထိုင်းနိုင်ငံတွင် ပိတ်မိနေသော မြန်မာနိုင်ငံသားများအပါအဝင် စုစုပေါင်း နိုင်ငံခြားသားဦးရေ ၅ သိန်းခန့်ရှိမည်ဟု ထိုင်းအစိုးရက ခန့်မှန်းထားသည်။


(ဆောင်းဦး)






အခြားဆက်စပ်သတင်းများ