နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဥရောပနိုင်ငံများမှ ကုန်အမှာများဆက်လက်ဆိုင်းငံ့ထားမှု ပြည်တွင်းမှ အထည်ချုပ်လုပ်ငန်းများအတွက် စိုးရိမ်စရာဖြစ်လာ

ရန်ကုန် ဇူလိုင် ၂၂


မြန်မာနိုင်ငံမှ အထည်ချုပ်လုပ်ငန်းများ၏ အဓိကစျေးကွက်ဖြစ်သောဥရောပနိုင်ငံများမှကုန် မှာယူမှု များဆက်လက်ဆိုင်းငံ့ထားသဖြင့် ပြည်တွင်းရှိ အထည်ချုပ်လုပ်ငန်းများအတွက် စိုးရိမ်စရာဖြစ်လာကြောင်း ရန်ကုန်တိုင်းဒေသကြီးရှိ လှိုင်သာယာစက်မှုဇုန် စီမံခန့်ခွဲရေးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကမ္ဘာတစ်ဝန်း COVID-19 ကပ်ရောဂါဖြစ်ပွားနေခြင်းကြောင့် မြန်မာ့အထည်ချုပ်လုပ်ငန်းများ၏ အဓိက စျေးကွက်ဖြစ်သော ဥရောပနိုင်ငံများမှ ကုန်မှာယူမှုများ ဆက်လက်ဆိုင်းငံ့ထားသလို ချုပ်ပြီးသား အထည်များကိုလည်း ပို့ဆောင်ခြင်းမပြုသေးရန် အကြောင်းကြားထားသည့်အတွက် ပြည်တွင်းမှ အထည်ချုပ် လုပ်ငန်းများ ဆက်လက်ရပ်တည်ရန် အခက်အခဲများ ရှိလာခြင်းဖြစ်သည်။

ယခုအခါ အထည်ချုပ်လုပ်ငန်းများအနေနှင့် အမြတ်အစွန်းရရန်ထက် အလုပ်သမားများကို အလုပ်ဆက် ပေးကာ လုပ်ငန်းတည်မြဲနိုင်စေရေးအတွက် ချုပ်ခနည်းသော ကုန်အမှာများကိုလည်း လက်ခံရန် စီစဉ်လာ ရကြောင်း၊ အဆိုပါ ချုပ်ခနည်းသော ကုန်အမှာများလည်း နည်းသွားမည်ဆိုပါက အထည်ချုပ်လုပ်ငန်း အများစု လုံးဝရပ်တန့်သွားနိုင်ကြောင်း သိရသည်။

ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ကာလအတွင်း ပြည်တွင်း၌ အထည်ချုပ်လုပ်သားဦးရေသောင်းနှင့် ချီကာ အလုပ်လက်မဲ့ဖြစ်သွားပြီး ယင်းအခက်အခဲ အကျပ်အတည်းများကိုကျော်လွှားနိုင်စေရန် ယခုအခါ အစိုးရတာဝန်ရှိသူများ၊ အထည်ချုပ်လုပ်ငန်းရှင်များနှင့် ကုန်သည်များပူးပေါင်းပြီး ဆွေးနွေးမှုများ ပြုလုပ် လျက်ရှိကြောင်း၊ ဥရောပသမဂ္ဂအနေနှင့်လည်း မြန်မာနိုင်ငံမှအထည်ချုပ်လုပ်သားများအတွက် မြန်မာငွေကျပ် ၇ ဒသမ ၉ ဘီလျံခန့်ထောက်ပံ့ပေးသော အစီအစဉ်များ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ကိုဆောင်း(ဥက္ကလာ)






အခြားဆက်စပ်သတင်းများ