နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တူရကီစူပါလိဂ်ရဲ့ ချန်ပီယံသမိုင်းကြောင်းကိုပြောင်းစေခဲ့တဲ့ အစ္စတန်ဘူလ်ဘက်ဆစ်ခ်ရှားအသင်း

ဇူလိုင်   ၂၂


တူရကီနိုင်ငံက အစ္စတန်ဘူဘက်ဆစ်ခ်ရှားအသင်းဟာ သူတို့ကလပ်ရဲ့သမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် တူရကီစူပါလစ်(စူပါလိဂ်) ချန်ပီယံအဖြစ် ဗိုလ်စွဲနိုင်ခဲ့ကြပါပြီ၊ ဒီရာသီမှာ ဘက်ဆစ်ခ်ရှားအသင်းမှာ  ပရီးမီးယား လိဂ် အကျော်အမော်ဟောင်းတွေဖြစ်တဲ့ ရော်ဘင်ဟို၊ မာတင်စကာတယ်၊  ဂေးလ်ကလစ်ချီ၊ ဒမ်ဘာဘတို့ ပါဝင်ကစားခဲ့ကြပါတယ်။ တူရကီစူပါလိဂ်ကို အမြဲတမ်းကြီးစိုးနေတာက ကလပ်ကြီးသုံးသင်းကသာ လွှမ်းမိုး ထားပါတယ်။ အဲဒီကလပ်တွေက ဥရောပမှာလည်း ပွဲတိုင်းကျော်ကစားနေတဲ့ ဖီနာဘာချီ၊ ဂါလာတာဆာရေး၊ ဘက်ဆစ်တစ်အသင်းတို့ပဲ ဖြစ်ပါတယ်။ ဒီရာသီမှာတော့ ဘက်ဆစ်ရှားအသင်းက သူတို့ကိုအလဲထိုး အနိုင် ယူခဲ့ပါပြီ။ အရင်တုန်းက အစ္စတန်ဘူ မြူနီစီပယ်အသင်းအဖြစ် ၁၉၉၀ မှာ တည်ထောင်ခဲ့တဲ့ အစ္စတန်ဘူ ဘက်ဆစ်ခ်ရှားအသင်းဟာ ကိုင်ဆာရီစပေါ်အသင်းကို ၁-၀ နဲ့နိုင်ပြီး အမှတ်ပေါင်း ၆၉ မှတ်နဲ့ ချန်ပီယံဖြစ်ခဲ့တာပါ။ ၁၉၅၉ ခုနှစ်တူရကီစူပါလိဂ်ကို စတင်ကတည်းက ချန်ပီယံဖြစ်ဖူးတဲ့ ခြောက်သင်းထဲက အသင်းတစ်သင်းအဖြစ် ဘက်ဆစ်ခ်ရှားတို့ပါဝင်လာခဲ့ပါပြီ။ ဒီရာသီမှာ  ကြီးသုံးကြီးဖြစ်တဲ့ ဘက်ဆစ်တစ်၊ ဂါလာတာဆာရေးနဲ့ ဖီနာဘာချီတို့ကတော့ အဆင့် ၄၊ ၅၊ ၇ တို့မှာ ရပ်တည်ခဲ့ကြပါတယ်။ ဒီကလပ်သုံးသင်းပေါင်း ချန်ပီယံ ၅၄ ကြိမ်ဖြစ်ခဲ့ပါတယ်။ ကိုရိုနာကြောင့် ကွင်းပိတ်ကစားရတာကြောင့် ပရိသတ်မပါဘဲ အောင်ပွဲခံခဲ့ရပါတယ်။

ဒါပေမယ့် ပရိသတ်တွေဟာ ဖာတီရင်ကွင်းကြီးရဲ့ အပြင်ဘက်မှာမီးဆလိုက်များထွန်းပြီး ဘက်ဆစ်ခ် ရှားတို့ရဲ့ အလံတွေကို ဝှေ့ယမ်းပွေ့ဖက်သီဆိုအောင်ပွဲခံခဲ့ကြပါတယ်။ ဝန်ကြီးချုပ်ဟောင်းဖြစ်တဲ့ အာဒိုဂန်လည်း ကလပ်ဂျာစီကိုဝတ်ပြီး ဒီအသင်းမှာ ကိုယ်တိုင်ကစားခဲ့ဖူးပါသေးတယ်။                                                     

(SO)






အခြားဆက်စပ်သတင်းများ