နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
WBC ဖလိုင်းဝိတ်တန်းချန်ပီယံ ဂျူလီယိုစီဆာနှင့် မက်ဝီလျံတို့ ထိုးသတ်မည့်ပွဲစဉ်ကို ရွှေ့ဆိုင်း

ဇူလိုင်  ၂၂


WBC ဖလိုင်းဝိတ်တန်းချန်ပီယံ မက္ကဆီကို လက်ဝှေ့သမား ဂျူလီယိုစီဆာသည် ပနားမား လက်ဝှေ့သမား မက်ဝီလျံနှင့် ချန်ပီယံကာကွယ်ပွဲစဉ် ထိုးသတ်ရန် ပြင်ဆင်ထားသော်လည်း လည်ချောင်းနာနေသည့်အတွက် ယင်းပွဲစဉ်ကို ရွှေ့ဆိုင်းခဲ့ကြောင်း သိရသည်။

အဆိုပါပွဲစဉ်ကို လာမည့် ဩဂုတ် ၁၅ ရက်တွင် ထိုးသတ်သွားရန် ပြင်ဆင်ထားသော်လည်း ယင်းပွဲစဉ်ကို ဖျက်သိမ်းခဲ့ရပြီးနောက် မည်သည့်အချိန်တွင် ပြန်လည်ထိုးသတ်သွားမည်ကို မသိရသေးပေ။

ဂျူလီယိုစီဆာ၏ မန်နေဂျာက “ဂျူလီယိုစီဆာဟာ လေ့ကျင့်ခန်းပြုလုပ်နေရင်း အဖျားရောဂါဝေဒနာ ခံစားခဲ့ရပါတယ်။ လည်ချောင်းနာပြီး ဖျားနာလာတဲ့အတွက် စိုးရိမ်လို့ COVID-19 ရောဂါ ရှိ ၊ မရှိ ဆေးစစ်ခဲ့ပါတယ်။ ဒါပေမဲ့ ရလဒ်ကတော့ Negative ထွက်ခဲ့ပါတယ်”ဟု ပြောကြားခဲ့သည်။

“ဂျူလီယိုစီဆာ ဖျားနာနေတဲ့အတွက် လာမယ့် ဩဂုတ် ၁၅ ရက်မှာ ထိုးသတ်သွားမယ့် စိန်ခေါ်ပွဲကနေ နုတ်ထွက်ခဲ့တာပါ။ ဘယ်အချိန်မှာပွဲကို ပြန်လည်စီစဉ်နိုင်မယ်ဆိုတာကိုတော့ မသိရသေးပါဘူး။ သူဟာ အဖျား ရောဂါကနေ အမြန်ဆုံးသက်သာလာလိမ့်မယ်လို့ ယုံကြည်မျှော်လင့်ပါတယ်”ဟု ယင်းက ဆက်လက်ပြောကြားခဲ့သည်။                                                                                               


(သူရိန်)






အခြားဆက်စပ်သတင်းများ