နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြန်မာ့လက်ရွေးစင် pool ကစားသမား ဘုန်းမြင့်ကျော် ဆီမီးဖိုင်နယ်ပွဲတက်ရောက်

ရန်ကုန်  ဇူလိုင်  ၂၂


Chinese 8 Ball ပြိုင်ပွဲမှာ မြန်မာ့လက်ရွေးစင် ဘုန်းမြင့်ကျော်ဟာ Play-off အဆင့်မှ အနိုင်ရလာတဲ့ တရုတ်ကစားသမား ချူဘင်ဂျီနှင့် ဆီမီးဖိုင်နယ်မှာ တွေ့ဆုံယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ဒီပြိုင်ပွဲရဲ့ Play-off ပွဲစဉ်များကို ဇူလိုင် ၄၊ ၈၊ ၁၃ ရက်များယှဉ်ပြိုင်ကစားတဲ့ပွဲစဉ်တွေမှာ ချူဘင်ဂျီကအနိုင်ရရှိပြီး အကြိုဗိုလ်လုပွဲကို ရောက်လာတာပါ။     Chinese 8 Ball ရဲ့ ပထမအုပ်စုပွဲစဉ်များမှာ ဘုန်းမြင့်ကျော်က ရမှတ် ၄၁၈၀၀ ဖြင့် အုပ်စု ပထမ၊ ယူဟိုင်ထောင်က ရမှတ် ၃၉၉၀၀ ဖြင့် ဒုတိယ၊ ကျန်ယူဘိုက ရမှတ် ၃၇၅၀၀ ဖြင့် တတိယရခဲ့ကြပြီး အကြိုဗိုလ်လုပွဲတိုက်ရိုက်တက်ရောက်ခဲ့ကြပါတယ်။

ဒါကြောင့် အုပ်စုမှာပထမရတဲ့ ဘုန်းမြင့်ကျော်က Play-off တက်လာတဲ့ ချူဘင်ဂျီနဲ့ ဆီမီးပွဲယှဉ်ပြိုင်ရတာပါ။ ဒုတိယနေရာက ယူဟိုင်ထောင်နဲ့ တတိယနေရာက ကျန်ယူဘိုတို့က ဆီမီးပွဲယှဉ်ပြိုင်ကြရမှာပါ။ အကြို ဗိုလ်လုပွဲစဉ်ကို သုံးရက်စီဆက်ကစားရမှာပါ။ နှစ်ရက်အနိုင်ရတဲ့သူက ဗိုလ်လုပွဲကို တက်ရောက်ခွင့်ရမှာပါ။ ဘုန်းမြင့်ကျော်နဲ့ ချူဘင်ဂျီတို့ပွဲစဉ်ကို ဩဂုတ်လ ၈၊ ၉၊ ၁၀ ရက်များမှာ ကျင်းပမှာဖြစ်ပါတယ်။ ယူဟိုင်ထောင်နဲ့ ကျန်ယူဘိုတို့ပွဲကိုတော့ ဇူလိုင်လ ၂၂၊ ၂၃၊ ၂၄ ရက်များမှာ ယှဉ်ပြိုင်ကစားကြမယ်လို့ သိရှိရပါတယ်။                                         


(SO)






အခြားဆက်စပ်သတင်းများ