နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အကြောင်းမလှလို့ ပေါင်းရဖို့ဝေးရပြန်တဲ့ ဘလွန်ဒီအောဆုနဲ့ လီဝမ်ဒေါစကီး

ဇူလိုင်  ၂၂


ပြင်သစ်ဘောလုံးမဂ္ဂဇင်း ၁၉၅၆ ခုနှစ်ကနေ စတင်ချီးမြှင့်ခဲ့တဲ့ ဘလွန်းဒီအောဆုကြီးကို ၂၀၂၀ ပြည့်နှစ် မှာ ချီးမြှင့်သွားမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ အကြောင်းပြတာကတော့ ဒီနှစ်အတွင်းမှာကပ်ရောဂါနဲ့ ရင်ဆိုင် ခဲ့ရပြီးတော့ ပုံမှန်မဟုတ်တဲ့ ဘောလုံးရာသီကို ဖြတ်သန်းခဲ့ရတာကြောင့် ကစားသမားတွေအပေါ်မမျှတတဲ့ ရလဒ်တွေမဖြစ်စေချင်လို့ပါတဲ့။ 


ဘလွန်းဒီအောဆုကိုပေးအပ်ချီးမြှင့်ခြင်းမရှိပေမယ့် တစ်နှစ်တာအတွင်းအကောင်းဆုံးကစားသမား ၁၁ ယောက်ကိုတော့ Team of the year အဖြစ် ရွေးချယ်ပေးပါ့မယ်တဲ့။ နိုင်ငံပေါင်း ၁၈၀ က ဘုတ်အဖွဲ့ဝင်တွေက မဲပေးစနစ်နဲ့ ရွေးချယ်ပေးမှာပါ။ ဒါကြောင့် ဘလွန်းဒီအောအလွမ်းပြေ Team of the year ကိုပဲ ရင်ခုန်ကြရတော့မှာပါ။ ဘလွန်းဒီအောဆုကို ဘာစီလိုနာတိုက်စစ်မှူး မက်ဆီက ခြောက်ကြိမ်၊ စီရော်နယ်လ်ဒိုက ငါးကြိမ်အထိ ရယူထားခဲ့ကြပါတယ်။ ဒီနှစ်မှာတော့ ဘလွန်းဒီအောဆုအတွက် ထိပ်ဆုံးကနေဉီးဆောင်နေခဲ့တဲ့ ပိုလန်သားကြီး  လီဝမ်ဒေါစကီးအတွက် အကြောင်းမလှပြန်ပါဘူး၊ လီဝမ်ဒေါစကီးဟာ ချန်ပီယံလိဂ်သွင်းဂိုး ၁၁ ဂိုးအပါအဝင် ၄၃ ပွဲမှာ ၅၁ ဂိုးသွင်းထားတာပါ။ ၂၀၂၀ မှာ ဘလွန်ဒီအောဆုနဲ့ထိုက်တန်ကြောင်း လည်း အများကသုံးသပ်ထားခဲ့ရသူပါ။ ဘွန်ဒက်စ်လီဂါမှာ ၃၂ ပွဲကစားပြီး ၃၄ ဂိုးသွင်းယူခဲ့တာကြောင့် ၈၄ မိနစ်တိုင်း တစ်ဂိုးနှုန်းသွင်းယူထားပါတယ်။ ဒေါစကီးဟာ ဘွန်ဒက်စ်လီဂါမှာ မဲအရေအတွက် ၄၂ ဒသမ ၆ ရာခိုင်နှုန်းနဲ့အကောင်းဆုံး အားကစားသမားဆုကို ရရှိထားသူဖြစ်ပါတယ်။ 

ဒီနှစ်မှာ လီဝမ်ဒေါစကိးဟာ ကလပ်အသင်းနဲ့ နိုင်ငံအသင်းအတွက် အထူးခြေစွမ်းပြကစားနိုင်ခဲ့ပေ မယ့်လည်း ဘလွန်းဒီအောဆုနဲ့တော့ လွဲချော်ခဲ့ရပြန်ပါတယ်။ မက်ဆီတို့ ရော်နယ်ဒိုတို့လို ဂိုးသွင်းနှုန်းမြင့်မားနေတဲ့ ဒေါစကီးဟာ ဘလွန်းဒီအောဆုနဲ့ပတ်သက်လာရင် မမျှမတဆက်ဆံခံရတယ်လို့ဆိုရမှာပါ။ ခုတော့ အကြောင်း မလှလို့ ဘလွန်းဒီအောဆုနဲ့ ပေါင်းရဖို့ဝေးရပြန်တဲ့ လီဝမ်ဒေါစကီးတစ်ယောက် နောက်နှစ်တွေမှာတော့ အကြောင်းလှပါစေလို့ ဆုတောင်းပေးကြပါ။                                                                                       

(SO)






အခြားဆက်စပ်သတင်းများ