နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမရပူရမြို့နယ် ရေဝင်ရပ်ကွက်များ ရေများလျော့နည်းစေရေး ရေစုပ်စက်ကြီးများဖြင့် စုပ်ထုတ်ဆောင်ရွက်

မန္တလေး   ဇူလိုင်    ၂၂


မန္တလေးခရိုင်၊ အမရပူရမြို့နယ် ရေဝင်ရပ်ကွက်များ ရေများအမြန်လျော့နည်းသွားစေရေးအတွက် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ ရေနှင့်သန့်ရှင်းမှုဌာနမှ ဆောင်ရွက်ထားသည့်ရေစုပ်စက် နှစ်လုံးပြန်လည်တပ်ဆင်လည်ပတ်နေမှုကို ဇူလိုင် ၂၁ ရက်က ညနေပိုင်းက မန္တလေးမြို့တော်ဝန်နှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးသည်။

မြို့တော်ဝန်နှင့်အဖွဲ့သည် ရေစုပ်စက်ကြီးနှစ်လုံးဖြင့် တစ်နာရီရေဂါလန်တစ်သန်းနှုန်း လည်ပတ်စုပ်ထုတ် နေမှုကို ကြည့်ရှုစစ်ဆေးပြီး ညပိုင်းတွင် တစ်နာရီရေဂါလန် ၅ သိန်း စွန့်ထုတ်နိုင်သည့် ရေစုပ်စက်တစ်လုံး ထပ်မံတပ်ဆင်ရန် တာဝန်ရှိသူများကို မှာကြားခဲ့သည်။

ဧရာဝတီမြစ်ရေကျိုးပေါက်သွားသည့် တာပေါင်နေရာကိုကျောက်ဖြည့်ပြီး ပိတ်ထားနိုင်ခဲ့သော်လည်း စစ်ကိုင်း-မန္တလေးလမ်းမော်တော်ယာဉ်များ ဖြတ်သန်းသွားလာနိုင်ရန် နောက်ထပ် Lane တစ်ခုစာ ကျောက် များ ထပ်ဖြည့်ပေးခဲ့ပြီး မြစ်ရေကြီးချိန် ရေစိမ့်မှုမရှိစေရေး လမ်း၏မြစ်ဘက်အခြမ်းကို Geotextile Membrane ခင်းပြီး သဲအိတ်များချထားခြင်း၊ သဲထည့်ထားသည့် Geobags တွေခံပြီး သဲများမှုတ်ထည့်ကာ  မြစ်အတွင်း Sheet Pile ရိုက်ပေးလျက်ရှိသည်။

အမရပူရမြို့နယ် တာကျိုးပေါက်မှုကြောင့် ဧရာဝတီမြစ်ရေများ ဝင်ရောက်ခဲ့ပြီး အမရပူရမြို့နယ်  အနိမ့် ပိုင်းရပ်ကွက်များနှင့် နံကပ်အင်းအတွင်း ရေများကျဆင်းရေးအတွက် မန္တလေးမြို့တော်ရေနှင့် သန့်ရှင်းမှုဌာန ရှိ ရေဆိုးထုတ်စက်ရုံ အမှတ်(၂)မှ တစ်နာရီ ၁ ဒသမ ၅ သန်းဖြင့် တစ်ရက်ရေဂါလံ ၃၆ သန်းခန့်အချင်းလက်မ ၂၀ ရှိ ရေဆိုးထုတ်ပိုက်များဖြင့် စုပ်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။


မောင်ပြည်သူ(မန္တလေး)






အခြားဆက်စပ်သတင်းများ