ရန်ကုန်၊ ဇူလိုင် ၂၁
မြို့ပြစီမံကိန်းလုပ်ငန်းတာဝန်ခံအဖွဲ့ (မြေယာရှုခင်းနှင့်အားကစားကွင်းများ)မှ ဇူလိုင် ၂၁ရက်က တောင်ဥက္ကလာပမြို့နယ် ၄ ရပ်ကွက် သုတ(၆)လမ်း တွင်ဓါတ်အားလိုင်းပိအုန်းပင်ရှင်းလင်းခြင်း၊ မရမ်းကုန်းမြို့နယ် ကမ္ဘာအေးဘုရားဝင်းနှင့်မဟာပါသာဏလှိုဏ်ဂူတော် သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ အထက(၁)ပန်းဘဲတန်းကျောင်းဝင်း၊ မြို့တော်ခန်းမပန်းခြံ၊ မဟာဗန္ဓုလပန်းခြံ တို့တွင် စိမ်းလန်းစိုပြည်ရေးဆောင်ရွက်ခြင်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ပင်လုံလမ်း သီတဂူဓမ္မဗိမာန်ရှေ့ ဝဲယာမြက်ဖြတ်ခြင်း၊ ပြည်ထောင်စု လမ်းလယ်ကျွန်းတွင် We Love Yangon ပရဟိတအဖွဲ့နှင့်ပူးပေါင်း၍ သပြေပင် ၁၅၀ စိုက်ပျိုးခြင်း၊ အမှတ် ၂ လမ်း ကျွန်းစိုက်ခင်း ပေါင်းမြက်ရှင်းခြင်းနှင့် စီးပွားရေးတက္ကသိုလ်အနီးကျွန်းစိုက်ကွက်တွင် အပင် ၁၅၀ အစားထိုးစိုက်ခြင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် လှော်ကားလမ်းတွင် တယ်ပင်ဖြည့်စွက်စိုက်ခြင်း၊ ၂၀ရပ်ကွက် မြိတ်လမ်းတွင်အန္တရာယ်ရှိအပင်ရှင်းခြင်း၊ ကမာကြည်တံတားသစ်အဆင်းခြုံနွယ်ရှင်းခြင်း၊ ဒဂုံမြို့နယ် အလုံလမ်းအိမ်တော်ဝင်းရှေ့ ဝါးကိုင်းများရှင်းခြင်း၊ ဒေါပုံမြို့နယ် မင်းနန္ဒာလမ်းခြုံနွယ်ရှင်းခြင်း၊ လမုတန်းရပ်ကွက် ကန်သာယာ (၅)လမ်း ရေမြောင်းမလွတ်အပင်ရှင်းခြင်း၊ သင်္ဃန်းကျွန်းမြို့နယ် ၂၃ရပ်ကွက် ကျွန်းရွှေမြိုင်လမ်း အန္တရာယ်ရှိအပင်ရှင်းခြင်း၊ ဗိုလ်တထောင်ဘုရားအနီးကမ်းနားလမ်းလူကူးခုံးတံတားအနီးမြက်ခြုံရှင်းခြင်း၊ တာမွေမြို့နယ် ဗျိုင်းရေအိုးစင်ရွာမရပ်ကွက် အပင်ခြောက်ရှင်းခြင်း၊ မင်္ဂလာဒုံမြို့ယ် ထောက်ကြံ့မီးသတ်စခန်းရှေ့ ရေမြောင်းနှင့်မီးကြိုးမလွတ်အပင်ရှင်းခြင်း၊ လှိုင်မြို့နယ် ဘုရင့်နောင်လမ်း စစ်ကြောရေးနှင့်တည်းခိုရေးစခန်းရှေ့ ခြုံနွယ်ရှင်းခြင်း၊ ဗဟန်းမြို့နယ် ဆရာစံရပ်ကွက် ဗိုလ်မင်းရောင်လမ်း အုပ်မိုးကိုင်းရှင်းခြင်း၊ ပြည်လမ်းတလျှောက်သစ်ပင်များပုံသွင်းဖြတ်ညှိခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။
သွင်မောင်မောင်