နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဗီယက်နမ်နိုင်ငံရောက် မြန်မာသင်္ဘောသားတစ်ဦးတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိ

ရန်ကုန်  ဇူလိုင်  ၂၁


ဗီယက်နမ်နိုင်ငံသို့ ရောက်ရှိနေသော မြန်မာသဘောင်္သားတစ်ဦးတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကူးစက်ခံထားရကြောင်း ဗီယက်နမ်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာချက်အရ သိရသည်။

အသက် ၄၀ နှစ်အရွယ်ရှိသော အဆိုပါမြန်မာသင်္ဘောသားသည် လိုက်ဘေးရီးယား မှတ်ပုံတင်သင်္ဘော IPANEMA တွင် အလုပ်လုပ်သူဖြစ်ပြီး ယင်းသင်္ဘောသည် ဂျပန်နိုင်ငံမှ ဇွန် ၆ ရက်တွင် ထွက်ခွာလာကာ ဗီယက်နမ်နိုင်ငံ၊ Quang Ninh ပြည်နယ်၊ Ha Long မြို့ရှိ Hon Gai ဆိပ်ကမ်းသို့ ပြီးခဲ့သည့် ဇွန် ၂၃ ရက်တွင် ဆိုက်ရောက်လာခဲ့ကြောင်း သိရသည်။

ထိုသူသည် သင်္ဘောဆိုက်ရောက်ချိန်မှစ၍ ထိုသင်္ဘောပေါ်တွင်သာ သီးသန့်နေထိုင်ခဲ့ပြီးနောက် ဇူလိုင် ရ ရက်တွင် သင်္ဘောပေါ်မှဆင်းကာ Van Long ဟိုတယ်၌ သီးသန့်ခွဲနေထိုင်ခဲ့ကြောင်း၊ ယင်းနောက် ၂ ရက် အကြာတွင် ပထမဆုံးအကြိမ် စမ်းသပ်စစ်ဆေးမှုခံယူရာ COVID-19 ကူးစက်ခံရမှု မရှိသည်ကို စစ်ဆေး တွေ့ရှိခဲ့သော်လည်း ပြီးခဲ့သည့်သောကြာနေ့တွင် ဒုတိယအကြိမ် ထပ်မံစမ်းသပ်စစ်ဆေးသောအခါ COVID-19 ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခြင်းဖြစ်သည်။ အဆိုပါ မြန်မာသင်္ဘောသားသည် ဗီယက်နမ်နိုင်ငံတွင် COVID-19 ကူးစက်ခံလူနာအမှတ် ၃၈၃  ဖြစ်သွားပြီး ယခုအခါ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တော်ရှိ အမျိုးသားဆေးရုံတွင် ဆေးကုသမှုခံယူနေပြီဖြစ်ကြောင်း သိရသည်။

ယခုလက်ရှိ ဗီယက်နမ်နိုင်ငံတွင် COVID-19 ကူးစက်ခံထားရသော Active Cases လူနာဦးရေ ၂၆ ဦးခန့်သာရှိပြီး ဗီယက်နမ်သည် ကိုရိုနာဗိုင်းရပ်စ် ရောဂါ(COVID-19)ကြောင့် သေဆုံးသူမရှိသေးသော နိုင်ငံတစ်နိုင်ငံလည်းဖြစ်ကြောင်း သိရသည်။                                               


ကိုဆောင်း(ဥက္ကလာ)






အခြားဆက်စပ်သတင်းများ