နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အစားအသောက်မှသည်

ရန်ကုန်   ဇူလိုင်   ၂၁


ကမ္ဘာပေါ်တွင်  နှစ်စဉ်အသည်းရောဂါဖြင့် လူတစ်သန်းသေဆုံးနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ အသည်းရောင်၊ အသည်းခြောက်၊ အသည်းကင်ဆာစသော အသည်းနှင့် ပတ်သက်၍ ရောဂါ၏ အကြောင်းရင်းမှာ အသည်းရောင်၊ အသားဝါ၊ ဘီပိုး၊ စီပိုးများ ကူးစက်ခံရခြင်းဖြစ်ကြောင်း ပညာရှင်တို့က လေ့လာတွေ့ရှိထားကြသည်။ အသည်းရောင်ဘီပိုးနှင့်စီပိုးသည် နာတာရှည်ရောဂါများအဖြစ် ကူးစက်နိုင်ပြီး သတိမပြုမိပါကလည်း အသည်းခြောက်ခြင်းနှင့် အသည်းကင်ဆာဖြစ်ပွားလေ့ရှိသည်။ အသည်း ရောင်ရောဂါကိုဖြစ်စေသည့် ဘီပိုးနှင့်စီပိုးသည် ကူးစက်ရန်လွယ်ကူပြီး စနစ်တကျကုသမှုခံယူသင့်သည်။ လူအများတွင် အသည်းရောဂါဖြစ်ပွားရခြင်းအကြောင်းအရင်းမှာ သန့်ရှင်းမှုအားနည်းခြင်းကြောင့် ဖြစ်ရသည်ဟု ပညာရှင်တို့က ဆိုသည်။

မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနသည် စားနပ်ရိက္ခာဖူလုံရေး၊ အာဟာရပြည့်ဝရေးနှင့် အစားအသောက် ဘေးကင်းလုံခြုံမှုရှိစေရေးဟူသည့် ရည်မှန်းချက်ကိုအကောင်အထည်ဖော်ဆောင်ရွက်နေသည့်အားလျော်စွာ ပြည်သူများဘေးအန္တရာယ်ကင်းရှင်း၍ သန့်ရှင်းကောင်းမွန်သော အစားအစာများရရှိရေး တိရစ္ဆာန်ရောဂါရှာဖွေ စစ်ဆေးရေးလုပ်ငန်းများကိုဆောင်ရွက်လျက် တိရစ္ဆန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို လည်း အစဉ်မပြတ်ဆောင်ရွက်လျက်ရှိသည်။ မသန့်ရှင်းသော အစားအစာ၊ မသန့်ရှင်းသောရေတို့မှတစ်ဆင့် အသည်းရောဂါဖြစ်ပွားနိုင်သည်။ သို့ရာတွင် လူအများစုသည် သွေးစစ်ဆေးမှုအားနည်းကြသဖြင့် ဘီပိုး၊ စီပိုး ကူးစက်ခံနေရသည်ကို သတိမပြုမိဘဲ ဖြစ်ကြရသည်။

ယနေ့ လူမှုဘဝပတ်ဝန်းကျင်တွင်ကျယ်စွာ ပျံ့နှံ့လွယ်ပြီး အမျိုးသားတို့၏ လူမှုဘဝကို ထိခိုက်မှုအလွယ်ကူ ဆုံးဖြစ်သည့် အရက်သေစာသောက်စားမူးယစ်မှုကြောင့် ထိခိုက်စေသော ရလဒ်များ ဖြစ်ပေါ်နေသည်ကို တွေ့ရှိ ရသည်။ အရက်အလွန်အကျွံသောက်သုံးခြင်းကြောင့် နောက်ဆက်တွဲရောဂါအမျိုးမျိုးဖြစ်ပေါ်လာနိုင်ပေရာ အသည်းကို ထိခိုက်မှုသည် များပြားလာသော အခြေအနေသို့ ရောက်ရှိနေသည်။ အရက်သေစာသည် လူမှု ပတ်ဝန်းကျင်လျော့နည်းမသွားဘဲ တိုးတက်များပြားလာပြီး ကျန်းမာရေးနှင့် လူမှုကျင့်ဝတ်ကို ထိခိုက်စေသော ကြောင့် ကာကွယ်ရန် လိုအပ်သည်။

မည်သို့ပင်ဆိုစေ လူအများ၏ ကျန်းမာရေးကို ခြိမ်းခြောက်လာသော အသည်းရောဂါအမျိုးမျိုးမဖြစ်ပွား အောင်ဆင်ခြင်စားသောက်ရန် လိုအပ်လာပြီ ဖြစ်သည်။ မိမိတွင် ဘီပိုး၊ စီပိုးများ ကူးစက်ခံရခြင်းရှိ၊ မရှိ သွေးစစ်ဆေးမှုခံယူကြခြင်းကြောင့် အသည်းရောဂါကြောင့် ဖြစ်ပွားလာမည့် နောက်ဆက်တွဲရောဂါများ ကာကွယ်နိုင်မည်ဟု ဆိုချင်ပါကြောင်း။          ။






အခြားဆက်စပ်သတင်းများ