တနင်္သာရီ ဇူလိုင် ၂၁
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်အတွင်း 2019 Noval Coronavirus (COVID-19)အဆုတ်ရောင်ရောဂါ ကူးစက်ပြန့်ပွားမှုကာကွယ်ထိန်းချုပ်ရေးအတွက် ဇူလိုင် ၂၀ရက်၊ ညနေ ၆ နာရီအထိ ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံအတွင်း အခြားတိုင်းနှင့် ပြည်နယ်ဒေသအသီးသီးမှ နေရပ်ပြန်လည်ရောက်ရှိလာသူ ၂၆ ဦးအားပြည်သူလူထု၏ ဝိုင်းဝန်းပူးပေါင်းကူညီစောင့်ရှောက်ပေးမှုဖြင့် သတ်မှတ်နေရာ Community Based Facility Quarantline များတွင် အသွားအလာကန့်သတ်စောင့်ကြပ်ကြည့်နေရာ၌ ၂၁ ရက် စောင့်ကြပ်ပေးလျက်ရှိကြောင်း၊(COVID-19) ရောဂါကာကွယ်ထိန်းချုပ်ကုသရေးနှင့်တုံ့ပြန်ရေးကော်မတီထံမှ သိရှိရသည်။
တနင်္သာရီခန်းမ Quarantlineတွင် ၆ ဦး၊ အောက်ကင်းအနောက်ကျေးရွာခန်းမဆောင်တွင်တစ်ဦး၊ ပဝချောင်းထဲဘုန်းတော်ကြီးကျောင်းတွင် တစ်ဦး၊ လယ်သစ်အရှေ့ရွာသရက်ပင်ဘုန်းတော်ကြီးကျောင်းတွင် တစ်ဦး၊ ကော့ယွန်းကျေးရွာ CDD ခန်းမဆောင်၌ နှစ်ဦး၊ အေးသာယာကျေးရွာ CDD ခန်းမတွင်တစ်ဦး၊ ညောင် ပင်ကွင်းအနောက်ရွာ CDD ခန်းမဆောင်၌ ၄ ဦး၊ သံတိုက်ကျေးရွာ CDD ခန်းမဆောင်၌ ၁၀ ဦး စုစုပေါင်း ကျား ၁၆ ဦးနှင့် မ ၁၀ ဦး၊ ပေါင်း ၂၆ ဦးဖြစ်ပြီး၊ အသွားအလာကန့်သတ် ၂၁ ရက်စောင့်ကြပ် ကြည့်ရှုထားရှိကာ မကြာခဏစနစ်တကျလက်ဆေးစေခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ကိုယ်အပူချိန်တိုင်းပေးခြင်းများကို ကျန်းမာရေးဌာနဆရာ၊ ဆရာမများမှတစ်နေ့လျှင်နှစ်ကြိမ် အရှိန်အဟုန်မပျက်ဆောင်ရွက်ပေးနေကြောင်း၊ တနင်္သာရီမြို့နယ်တွင်(COVID-19)ရောဂါပိုးစစ်ဆေးတွေ့ရှိသူမရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှ သိရှိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)