ချီဖွေ ဇူလိုင် ၂၁
ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် ချီဖွေမြို့နယ်နှင့် တစ်မိုင်ခန့်အကွာ ချီဖွေ-ဝိုင်းမော်ကားလမ်းဘေးတွင် မိုးအဆက်မပြတ်ရွာသွန်း မှုကြောင့် ဇူလိုင် ၂၁ ရက်နံနက်ပိုင်းက မြေကမ်းပါးပြိုကျမှု ထပ်မံဖြစ်ပွားခဲ့သည်။
အဆိုပါ မြေကမ်းပါးပြိုကျမှု ထပ်မံဖြစ်ပွားရာနေရာတွင် လမ်းဦးစီးဌာနမှအသင့်စောင့်ဆိုင်းဆောင် ရွက်ထားရှိသော မြေကော်စက်နှစ်စီးဖြင့်ခရီးသွားပြည်သူများသွားလာမှု အဆင်ပြေစေရန် မြေစာရှင်းလင်း ဆောင်ရွက်ခြင်းများအချိန်နှင့်တစ်ပြေးညီ ရှင်းလင်းဆောင်ရွက်လျက်ရှိကြောင်းလမ်းဦးစီးဌာနအဖွဲ့မှ သိရသည်။
မြေကမ်းပါးပြိုကျမှုနှင့် ပတ်သက်၍ လူထိခိုက်မှုမရှိဘဲ မိုးတွင်းကာလ မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် အဆိုပါ ကမ်းပါးနေရာတွင် နှစ်တိုင်းကမ်းပါးပြိုကျမှုဖြစ်ပွားကြောင်း၊ လမ်းဦးစီးဌာနမှ ဦးဆောင်ပြီး စက်ယန္တရားများဖြင့် အချိန်မီခရီး သွားပြည်သူများအဆင်ပြေစေရန် ကမ်းပါးပြိုကျတိုင်း ပြိုကျမြေစာများကို ရှင်းလင်းဆောင်ရွက်ပေးကြောင်းဒေသခံတစ်ဦးက ပြောပြသည်။
ကျော်ဆန်းမြင့်(ပြန်/ဆက်)