နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ချင်းပြည်နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ပြန့်ပွားမှုဖြစ်ပွားခြင်းမရှိဘဲ ရာနှုန်းပြည့်ကင်းစင်နေ

ဟားခါး ဇူလိုင်  ၂၁


 မြန်မာနိုင်ငံအတွင်းရှိ ချင်းပြည်နယ်သည်သွေးလွန်တုပ်ကွေးရောဂါကူးစက်ပြန့်ပွားမှုများဖြစ်ပွားခြင်းမရှိဘဲ ရာနှုန်းပြည့်ရောဂါ ကူးစက်မှုကင်းစင်သည့် ပြည်နယ်အဖြစ်သို့ရောက်ရှိလျက်ရှိကြောင်း  ဗီယက်နမ်ပလက်စ်သတင်းဌာနက ဖော်ပြသည်။


ပြီးခဲ့သည့် ဇွန် ၂၇ ရက်အထိ မြန်မာတစ်နိုင်ငံလုံးတွင် သွေးလွန်တုပ်ကွေးရောဂါကူးစက်ခံရသူ ၂၈၆၂ဦး ရှိခဲ့ပြီး ၂ဝ ဦးသေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန် ထားသည်။ မြန်မာနိုင်ငံအတွင်းရှိ မြို့ကြီး ၂ဝ ခန့်တွင်  သွေးလွန်တုပ်ကွေးရောဂါကူးစက်ခံရသူ ၁ဝ၆၉ ဦး ရှိနေကာ  ၁၂ ဦးသေဆုံးခဲ့သည်ဟုလည်း အတည်ပြုခဲ့သည်။


မြန်မာနိုင်ငံအတွင်း၌ မေလခန့်မှ စတင်ကာ ခြင်မှတစ်ဆင့်ကူးစက်သည့် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုမြင့်တက်လာလေ့ရှိသည်။   ပြီးခဲ့သည့် နှစ်အတွင်းက မြန်မာနိုင်ငံအတွင်း၌ သွေးလွန်တုပ်ကွေး ရောဂါကူးစက်ခံရသူ ၂၄၃၄၅ ဦးရှိခဲ့ပြီး ၁ဝဝ ဦး သေဆုံးခဲ့သည်။  လက်ရှိအချိန်၌ သွေးလွန်တုပ်ကွေးရောဂါကူးစက်ခံရသူဦးရေ မြင့်တက်လာခြင်းကြောင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် တစ်နိုင်ငံလုံးတွင် သွေးလွန်တုပ်ကွေးရောဂါကူးစက်မှုများကို ကာကွယ်နိုင်ရန်အတွက် ခြင်ပေါက်ပွားမှုများကိုတားဆီးနိုင်မည့်နည်းလမ်းများကို ဖော်ဆောင်ရန်တိုက်တွန်းလျက်ရှိသည်။       


  မိုးခါး






အခြားဆက်စပ်သတင်းများ