ဘိုကလေး ဇူလိုင် ၂၁
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် အမှတ်(၉)ရပ်ကွက်တွင် နေထိုင်သည့် အမျိုးသားတစ်ဦးသည် တရုတ်နိုင်ငံ ရွှေလီမြို့သို့ အလုပ်သွားရောက်လုပ်ကိုင်နေစဉ်မှ ဇူလိုင် ၂၀ ရက် ညနေပိုင်းတွင် ဘိုကလေးမြို့နယ်သို့ ပြန်လည်ရောက်ရှိလာသဖြင့် မြို့နယ် COVID-19 ကာကွယ် ထိန်းချုပ်ရေးကော်မတီ၊ ကြက်ခြေနီတပ်ဖွဲ့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အမှတ်(၉)ရပ်ကွက် အုပ်ချုပ် ရေးမှူးတို့ ပူးပေါင်း၍ ဇူလိုင် ၂၀ ရက် ညပိုင်းတွင် ဘိုကလေးမြို့နယ်အားကစားခန်းမ၌ Facility Quarantine ၂၁ ရက်ထားရှိစဉ်။
မိုးစက်(ဘိုကလေး)