နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မင်္ဂလာဒုံမြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်းနှင့်သီလရှင်ကျောင်းများသို့ နိုင်ငံတော်အစိုးရလှူဒါန်းမှုများ လိုက်လံပို့ဆောင်

ရန်ကုန် ဧပြီ ၁၁ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊လမင်္ဂလာဒုံမြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်း ၄၄၃ ကျောင်း၊ မယ်သီလရှင်ကျောင်း ၁၁၂ ကျောင်း၊ ပရဟိတကျောင်း ၁၅ ကျောင်းနှင့် ဘိုးဘွားရိပ်သာ ၃ ကျောင်းသို့ နိုင်ငံတော်အစိုးရမှ ဆွမ်းဘုဉ်းအဆင်‌ပြေစေရေးအတွက် လှူဒါန်းသောဆန် ၆၀၅ အိတ်၊ ဆီ ၅၀ သား ၂၄၅၆ ဘူး၊ ဆား ၄၉ အိတ်‌ ကျော်၊ ကြက်သွန်နီ ၇၁ အိတ်၊ ငါးသေတ္တာဘူး ၁၅၀၂၀ ဘူး၊ ပဲ‌ထောပတ် ၈၃ အိတ် စသည်တို့ကို တစ်ကျောင်း ချင်းစီအလိုက် လိုက်လံပို့ဆောင်ဆက်ကပ်လှူဒါန်းခြင်းများကို ဧပြီ ၁၀ ရက်၊ နံနက်ပိုင်းအချိန်မှစ၍ မြို့နယ်အုပ်ချုပ်‌‌ရေးမှူး၏ လမ်းညွှန်မှုနှင့် ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်အသီးသီးမှ ပြည်သူများက လုပ်အားဒါနပြု လိုက်လံဆက်ကပ်လျက်ရှိကြောင်းသိရှိရသည်။ မြတ်သူဇာ(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ