နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျောင်းများပြန်လည်ဖွင့်လှစ်ပြီ

ရန်ကုန်     ဇူလိုင်    ၂၁


အခြေခံပညာအထက်တန်းအဆင့်ကျောင်းများကို ဇူလိုင် ၂၁ ရက်မှစတင်၍ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်သည်။
အစိုးရမှ သတ်မှတ်ထားသည့် ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်စံချိန်စံညွှန်းများနှင့် ပြည့်စုံမှု ရှိ၊ မရှိကို မြေပြင်ကွင်းဆင်းစစ်ဆေးပြီး ပြည့်စုံမှုရှိသော ကျောင်းများကိုသာ ပြန်လည်ဖွင့်လှစ်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။


ကနဦးအနေဖြင့် အခြေခံပညာအထက်တန်းအဆင့်ကိုသာ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ကျန်ရှိသည့်အတန်းများ ဖြစ်သော အလယ်တန်းအဆင့်၊ မူလတန်းအဆင့်များကို တစ်ဆင့်ချင်း ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်သည်။


မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် အခြေခံပညာအထက်တန်းအဆင့် ကျောင်းပေါင်း ၆၁၇၁ ကျောင်းကို ပြန်လည်ဖွင့်လှစ်သွားမည်ဟု သမ္မတအိမ်တော်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။


အဆိုပါကျောင်းများတွင် ကိုယ်ပိုင်အထက်တန်းကျောင်း ၁၀၀၀ နှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၄ ကျောင်းပါဝင်သည်ဟုလည်း ဆိုထားသည်။
ယခုကဲ့သို့ ပြန်လည်ဖွင့်လှစ်သည့်ကျောင်းများတွင် ဘော်ဒါဆောင်များ၊ ဘော်ဒါဆောင်နှင့်တွဲလျက် သို့မဟုတ် ဘော်ဒါဆောင်နှင့်ချိတ်ဆက်ထားသော ကိုယ်ပိုင်ကျောင်းများ၊ ကျူရှင်များ မပါဝင်သေးကြောင်း  သိရသည်။                                                                                                          


ကျော်စိုးသူ(City News)






အခြားဆက်စပ်သတင်းများ